၁။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်မှု/သွားလာ ဌာနခွဲတွင် လစ်လပ်လျှက်ရှိသော စက်ခေါင်းမှူး(၃)၊ အငယ်တန်းစာရေး၊ စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာများအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-
|
စဉ် |
ခန့်ထားမည့်ရာထူးနှင့် လစာနှုန်းထား |
အနိမ့်ဆုံးပညာအရည်အချင်း |
ခန့်ထားမည့်ဦးရေ |
||
|
ကျား |
မ |
ပေါင်း |
|||
| က | စက်ခေါင်းမှူး(၃)(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) | – A.G.T.I (MP), (MT), (EP), (EC), (MC) ရရှိရမည်။ |
၂၀ |
၁၀ |
၃၀ |
| ခ | အငယ်တန်းစာရေး(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) | – တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိရမည်။
– ကွန်ပျူတာ အခြေခံ တတ်ကျွမ်း ရမည်။ |
၁၀ |
||
| ဂ | စက်ခေါင်းမှူး(၅)ဆီလောင်း(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) | အခြေခံပညာ အထက်တန်း (သို့မဟုတ်) T.H.S အောင်မြင် ရမည်။ |
၄၀ |
၁၀ |
၅၀ |
၂။ လျှောက်ထားသူများသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) လျှောက်လွှာပိတ်သည့် (၁၁-၉-၂၀၂၆)ရက်နေ့တွင် အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပုံစံ(၁၂)ရရှိပြီးသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက သတ်မှတ်အသက်ထက် (၃)နှစ် တိုးမြှင့်၍ လက်ခံ ပေးမည်ဖြစ်ပါသည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်။ (ဆေးစစ်မှုများပြုလုပ်ရမည်)
(င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း ခံထားရသူများ မဖြစ်ရ။
(စ) စက်ခေါင်းမှူး(၃)နှင့် စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာများအတွက် အမြင်အာရုံ ကောင်းမွန်သူ ဖြစ်ရမည်။ မျက်မှန်/မျက်ကပ်မှန် တပ်ဆင်ထားသူများ မဖြစ်စေရ။
(ရေးဖြေစာမေးပွဲ အောင်မြင်ပြီးပါက Colour Blind Test စစ်ဆေးအောင်မြင်ပြီးမှသာ ခန့်ထားမည်ဖြစ်ပါသည်။
(ဆ) စက်ခေါင်းမှူး(၃) ရာထူးနေရာနှင့် စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာများအတွက် လျှောက်ထားမည့် အမျိုးသားများသည် အနည်းဆုံး အရပ်အမြင့် (၅’ ၄”) နှင့် ကိုယ်အလေးချိန် ပေါင် (၁၁၀-၁၃၀)အကြား ရှိရမည်။
(ဇ) စက်ခေါင်းမှူး(၃)ရာထူးနေရာနှင့် စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာများအတွက် လျှောက်ထားမည့် အမျိုးသမီးများသည် အနည်းဆုံး အရပ်အမြင့် (၅’ ၂”) နှင့် ကိုယ်အလေးချိန်ပေါင် (၁၀၀-၁၂၀)အကြား ရှိရမည်။ အိမ်ထောင်မရှိဖူးသူ (အပျို)ဖြစ်ရမည်။
(ဈ) စက်ခေါင်းမှူး(၃)နှင့် စက်ခေါင်းမှူး(၅)ဆီလောင်းရာထူးနေရာများသို့ လျှောက်ထားသူ များသည် နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ရမည်။
၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ သတ်မှတ်လျှောက်လွှာပုံစံကို မြန်မာ့မီးရထား Website ဖြစ်သော https://www.railways.gov.mm ၏ Homepage တွင် Download ရယူ၍လည်းကောင်း၊ မြန်မာ့မီးရထား(ရုံးချုပ်)နေပြည်တော်၊ ဒုတိယအထွေထွေမန်နေဂျာ (စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီး၌လည်းကောင်း၊ ရန်ကုန်ဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)၊ တိုင်းအမှတ်(၇)ရန်ကုန်ရုံး၌လည်းကောင်း၊ မန္တလေးဘူတာကြီး အပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)၊ တိုင်းအမှတ်(၃)မန္တလေးရုံး၌လည်းကောင်း အခမဲ့ရယူ နိုင်ပါသည်။
၄။ သတ်မှတ်လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။
(က) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)
(ခ) လွန်ခဲ့သော(၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ(၃)ပုံ (ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးရန်)
(ဂ) စက်ခေါင်းမှူး(၃)ရာထူး လျှောက်ထားသူများအနေဖြင့် A.G.T.I အောင်လက်မှတ်(မိတ္တူ)၊ အငယ်တန်းစာရေးရာထူး လျှောက်ထားသူများအနေဖြင့် ဘွဲ့လက်မှတ်(မိတ္တူ)၊ စက်ခေါင်းမှူး(၅) ဆီလောင်းရာထူးလျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) T.H.S အောင်လက်မှတ်(မိတ္တူ)
(ဃ) နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) မဟုတ်သူများအတွက် သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင် ကတ်ပြား(မိတ္တူ)
(င) နိုင်ငံ့ဝန်ထမ်းများအတွက် မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနအကြီးအကဲ၏ ထောက်ခံချက်
(စ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ပြစ်မှုကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်(မူရင်း)
၅။ လျှောက်လွှာများကို မြန်မာ့မီးရထား(ရုံးချုပ်)၊ ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီးထံသို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ(သို့မဟုတ်) စာတိုက်မှ မှတ်ပုံတင်၍ ဖြစ်စေ(၁၁-၉-၂၀၂၆)ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်။ ရန်ကုန်ဘူတာကြီး အပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)၊ တိုင်းအမှတ်(၇)ရန်ကုန်ရုံးနှင့် မန္တလေးဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီ ယာမှူး(စက်မှု/တိုင်း)၊ တိုင်းအမှတ်(၃)မန္တလေးရုံးတို့တွင်လည်းကောင်း (၁၁-၉-၂၀၂၆)ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်။ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဖြစ်လျှင် သက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲမှ တစ်ဆင့် ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ကြိုတင်လျှောက်လွှာတစ်စုံကို ဓာတ်ပုံ(၃)ပုံနှင့်အတူ ပေးပို့ လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက်မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၆။ ရေးဖြေစာမေးပွဲကို နေပြည်တော်၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
| စက်ခေါင်းမှူး(၃) ရာထူးနေရာများအတွက် | |||||
| ကျင်းပမည့်နေ့ | အချိန် | ဘာသာရပ် | |||
| ၃-၁၀- ၂၀၂၆ | နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ | မြန်မာစာ | |||
| ၃-၁၀- ၂၀၂၆ | မွန်းတည့်(၁၂:၀၀)နာရီမှ ညနေ(၁၄:၀၀)နာရီထိ | အင်္ဂလိပ်စာ | |||
| ၃-၁၀- ၂၀၂၆ | ညနေ(၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီထိ | အထွေထွေဗဟုသုတ
|
|||
| အငယ်တန်းစာရေး ရာထူးနေရာများအတွက် | |||||
| ကျင်းပမည့်နေ့ | အချိန် | ဘာသာရပ် | |||
| ၄-၁၀- ၂၀၂၆ | နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ | မြန်မာစာ | |||
| ၄-၁၀- ၂၀၂၆ | မွန်းတည့်(၁၂:၀၀)နာရီမှ ညနေ(၁၄:၀၀)နာရီထိ | အင်္ဂလိပ်စာ | |||
| ၄-၁၀- ၂၀၂၆ | ညနေ(၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီထိ | အထွေထွေဗဟုသုတ | |||
|
စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာများအတွက် |
|||||
| ကျင်းပမည့်နေ့ | အချိန် | ဘာသာရပ် | |||
| ၁၀-၁၀- ၂၀၂၆ | နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ | မြန်မာစာ | |||
| ၁၀-၁၀- ၂၀၂၆ | မွန်းတည့်(၁၂:၀၀)နာရီမှ ညနေ(၁၄:၀၀)နာရီထိ | အင်္ဂလိပ်စာ | |||
| ၁၀-၁၀- ၂၀၂၆ | ညနေ(၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီထိ | အထွေထွေဗဟုသုတ | |||
၇။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စက်ခေါင်းမှူး(၃)ရာထူးနေရာအတွက် (၂၈-၉-၂၀၂၆)ရက်နေ့နှင့် (၂၉-၉-၂၀၂၆)ရက်နေ့တို့တွင်လည်းကောင်း၊ အငယ်တန်းစာရေး ရာထူးနေရာအတွက်(၁-၁၀-၂၀၂၆) ရက်နေ့နှင့် (၂-၁၀-၂၀၂၆)ရက်နေ့တို့တွင်လည်းကောင်း၊ စက်ခေါင်းမှူး(၅)ဆီလောင်း ရာထူးနေရာအတွက် (၈-၁၀-၂၀၂၆)ရက်နေ့နှင့် (၉-၁၀-၂၀၂၆)ရက်နေ့တို့တွင်လည်းကောင်း ရုံးချိန်အတွင်း ကာယကံရှင် ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သတ်မှတ်ထားသော ပညာအရည်အချင်းဆိုင်ရာ အထောက် အထား/ အောင်လက်မှတ်၊ သတ်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်(မူရင်း) တို့ကိုပြသ၍ မြန်မာ့မီးရထား(ရုံးချုပ်)၊ ဒုတိယအထွေထွေမန်နေဂျာ (စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီးတွင် ထုတ်ယူနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကတ်ပြား ထုတ်ပေးချိန်တွင် စာမေးပွဲဖြေဆိုရမည့်နေရာအား ကြော်ငြာထားမည် ဖြစ်ပါသည်။
၈။ ရေးဖြေအောင်မြင်ပါက လူတွေ့စစ်ဆေးမည်ဖြစ်ပြီး လူတွေ့ဖြေဆိုရမည့်သူစာရင်းနှင့် နေ့ရက်များကို လျှောက်လွှာပေးပို့လျှောက်ထားခဲ့သည့် ရုံးများနှင့် Website တွင် ကြော်ငြာပေးသွားမည်ဖြစ်ပါသည်။
၉။ စက်ခေါင်းမှူး(၃)နှင့် စက်ခေါင်းမှူး(၅)ဆီလောင်းရာထူးနေရာများတွင် ရွေးချယ်ခြင်းခံရသူများသည် ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း(မိတ္ထီလာ)၌ သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ စက်ခေါင်းမှူး(၃)များအတွက် ရက်သတ္တပတ်(၂၉)ပတ်၊ စက်ခေါင်းမှူး(၅)ဆီလောင်း များအတွက် ရက်သတ္တပတ် (၁၂)ပတ် ဖြစ်ပါသည်။
၁၀။ မြန်မာ့မီးရထားတွင် တစ်ဆက်တည်း အနည်းဆုံး(၁၀)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိ စာချုပ်တွင် လက်မှတ်ရေးထိုးရမည်။
၁၁။ အသေးစိတ်သိရှိလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ ဒုတိယအထွေထွေ မန်နေဂျာ(စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းအမှတ် (၀၆၇-၈၀၇၇၁၁၄ ၊ ၈၀၇၇၀၄၁)သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။