ကုန်စည်ဌာနခွဲ

ကုန်စည်ဌာနခွဲ မှဆောင်ရွက်ရသည့်လုပ်ငန်းတာဝန်များ

အဓိကတာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ကုန်ရရှိသော လမ်းပိုင်းများတွင် ကုန်ရထားပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်ခြင်း၊

(၂) ကုန်စည်ဝင်ငွေတိုးတက်ရရှိရေးအတွက် အသွားကုန်/အပြန်ကုန် ရရှိရေးနှင့် စက်ခေါင်းဆွဲအား အတိုင်းဝန်ချိန်ပြည့် ချိတ်ဆွဲနိုင်ရေးဆောင်ရွက်ခြင်း၊

(၃) အပြန်ကုန်ရရှိရေးအတွက် ဘိလပ်မြေကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်း၊

(၄) ကုန်သေတ္တာဆိပ်ကမ်း(Dry Port)လုပ်ငန်းတွင် တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများနှင့် ကွန်တိန်နာရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်ခြင်း၊

(၅) ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း၍ လိုအပ်သော ကုန်တွဲများ၊ စက်ခေါင်းများဝယ်ယူကာ ကုန် ရထားပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊

(၆) တပ်မတော်ရိက္ခာနှင့်တပ်ပိုင်ပစ္စည်းများ အချိန်မီသယ်ပို့နိုင်ရေးဆောင်ရွက်ခြင်း၊

(၇) ကုန်ဘက်ဆိုင်ရာအခနှုန်းထားများ အခြားကား၊ သင်္ဘော နှုန်းထားများနှင့်လိုက်လျောညီထွေမှု ရှိ/မရှိ ဆောင်ရွက်ခြင်း၊

(၈) ကုန်တင်ပို့ရာတွင် မသမာမှုမဖြစ်ပေါ်စေရေးအတွက် အမှန်တကယ် လက်ဝယ်ရရှိသူသာ ကုန် တင်ပို့နိုင်ရေးဆောင်ရွက်ခြင်း၊

(၉) ကုန်စည်ရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ ကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၀) ကုန်ရထားများ ဝန်ချိန်ပြည့် ချိတ်ဆွဲနိုင်ရေးနှင့် သတ်မှတ်ချိန်(Path-Time)ထွက်နိုင်ရေးကြပ် မတ်ခြင်း၊

(၁၁) စက်ခေါင်းနှင့်တွဲများ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခြင်း၊

(၁၂) မြန်မာ့မီးရထားလမ်းပိုင်းအသီးသီး ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် လိုအပ်သော လမ်းခင်း ကျောက်၊ ကွန်ကရစ်ဇလီဖား၊ မြေကြီး၊ သဲ၊ သံလမ်းများသယ်ပို့လျက်ရှိသော မြို့ပြအင်ဂျင်နီယာ ရထားများ ကြန့်ကြာမှု မရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

(၁၃) ကုန်တွဲလည်ပတ်မှု (Turn Round) မြန်ဆန်အောင်ဆောင်ရွက်ခြင်း၊

(၁၄) စပေါ်တင်စနစ်ဖြင့် လမ်းပိုင်းအလိုက် ကုန်ရထားများပြေးဆွဲနိုင်ရေး ဆောင်ရွက်ခြင်း။