မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတွင် နေ့စား ဝန်ထမ်း(၈)ဦးခန့်ထားရန်

(က)

အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ

(ခ )

အသက်(၃၀)နှစ်ထက်မကျော်လွန်သူ

(ဂ )

အကျင့်စာရိတ္တကောင်းမွန်၍ ပြစ်မှုကင်းရှင်းသူ

(ဃ)

ပညာရပ်ဆိုင်ရာနှင့် ကျွမ်းကျင်မှုဆိုင်ရာ စာရွက်စာတမ်းများပြည့်စုံမှန်ကန်သူ

(င)

တာဝန်ထမ်းဆောင်မည့် လုပ်ငန်းသဘာဝအရ အင်္ဂလိပ်စာအသင့်အတင့် တတ်ကျွမ်းသူ၊ ကွန်ပျူတာအခြေခံတတ်ကျွမ်းသူများကို ဦးစားပေးခန့်ထားပါမည်။

အထက်ပါ အရည်အချင်းနှင့်ကိုက်ညီသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး)၊ ဥတ္တရခရိုင် မှတစ်ဆင့် ၂၀၂၆ ခုနှစ်၊ ဇွန်လမှ စတင်ခေါ်ယူမည်ဖြစ်ပါသဖြင့် သွားရောက် လျှောက်ထားနိုင်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။