စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)

စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)၏ နောက်ခံသမိုင်း

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် China National Machinery Import & Export Corporation (CMC) အနေဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ စတင်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး တရုတ်နိုင်ငံမှ ရရှိသော ဝယ်ယူသူ ဦးစားပေးချေးငွေ(Preferential Buyer Credit Loan) စီမံကိန်းများထဲတွင် စက်ရုံသစ်(၂)ရုံအား ထည့်သွင်းလျာထားခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သည် ၂၀၁၅ ခုနှစ်တွင် Myanmar Land & Development Co.,Ltd ကဆောက်လုပ်ခဲ့ပြီး စက်ရုံ၏ တည်နေရာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး၏ အရှေ့ မြောက်ဘက် ၁ ကီလိုမီတာခန့်တွင် တည်ရှိပြီး စက်ရုံ၏ ဧရိယာ အကျယ်အဝန်းမှာ ၁၇.၉ ဧကခန့် ရှိပါသည်။

မြင်းကောင်ရေ ၂၀၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ် ရေးလုပ်ငန်းကို (၁-၄-၂၀၁၈)နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဒီဇယ် လျှပ်စစ်စက်ခေါင်း (၁၀)ခေါင်း DF-2093 မှ DF-2102 ထိ ကို တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။

စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၊ နေပြည်တော်သည် စက်ခေါင်းသစ် များ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ဂျပန်နိုင်ငံမှ အကူအညီဖြင့် ဝယ်ယူခဲ့သည့် RBE (၃၂)စီးအားလည်း စက်ရုံတွင်းရှိ ဝန်ထမ်းများနှင့်ပင် ပြုပြင်ခြင်း လုပ်ငန်းများ၊ Modify လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့နောက် စက်ခေါင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတော် ဘတ်ဂျက်ဖြင့် မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းများ တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်း များ ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။