ခရီးသည်လက်မှတ်ခများ

ခရီးသည်လက်မှတ်ခများ

ရန်ကုန်-မန္တလေး လမ်းပိုင်း (၃)အဆန်/(၄)အစုန် အမြန်ရထား

ရန်ကုန်-မန္တလေးလမ်းပိုင်း အမှတ်(၅)အဆန်/(၆)အစုန်အမြန်ရထား

ရန်ကုန်-ပုဂံလမ်းပိုင်း အမှတ်(၆၁-အဆန်/၆၂-အစုန်)အမြန်ရထား

ရန်ကုန်-ပြည်လမ်းပိုင်းပြေးဆွဲသော အမှတ်(၇၁)အဆန်/(၇၂)အစုန်အမြန်ရထား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း RBEရထား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းပြေးဆွဲနေသော အမှတ်(၈၉)အဆန်/(၉၀)အစုန်အမြန်ရထား

တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ပုဂံလမ်းပိုင်း ပြေးဆွဲသည့် အမှတ်(၁၀၇)အဆန်/(၁၀၈)အစုန် RBEရထား

ပုသိမ်-ကြံခင်းပြေးဆွဲသော အမှတ်(၁၈၁အဆန်/၁၈၂အစုန်)လူစီးအမြန်ရထား

ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်း (ဂုတ်ထိပ်-၁/၂)RBEရထား

မန္တလေး – သာစည် (သ၃၀၂)အစုန်/(သ၃၀၁)အဆန် ခရီးတို RBEရထား – ၅၀၀၀ကျပ်
သာစည်-ပျဉ်းမနား (သ၄၀၂)အစုန်/(သ၄၀၁)အဆန် ခရီးတို RBEရထား – ၅၀၀၀ကျပ်
ပျဉ်းမနား-တောင်ငူ (သ၅၀၂)အစုန်/(သ၅၀၁)အဆန် ခရီးတို RBEရထား – ၃၅၀၀ကျပ်

ရက်ကြိုနှင့်နေ့ချင်းလက်မှတ်ဝယ်ယူခြင်းအတွက် သိရှိရမည့်အချက်များ

  • ရန်ကုန်ဘူတာကြီး၊ မန္တလေးဘူတာကြီး၊ မော်လမြိုင်ဘူတာကြီးနှင့် ပြည်ဘူတာကြီးတို့တွင် အထက်တန်း ရက်ကြိုလက်မှတ်များကို (၃)ရက်ကြိုတင်၍သော်လည်းကောင်း၊ ရိုးရိုးတန်းရက်ကြို လက်မှတ်များကို (၁)ရက်ကြိုတင်၍သော်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။
  • အထက်တန်း ရက်ကြိုလက်မှတ်များအတွက် ခရီးသွားမည့်သူ တစ်ဦးအပါအဝင်(၃)စောင်၊ ရိုးရိုးတန်းရက်ကြို လက်မှတ်များအတွက် ခရီးသွားမည့်သူအပါအဝင်(၅)စောင် ရောင်းချပေးလျက်ရှိပါသည်။
  • လက်ကျန် နေ့ချင်းလက်မှတ်များကို ရထားထွက်မည့်နေ့ နံနက်(၀၇:၀၀)နာရီမှ ရထားမထွက်မီ (၁၀)မိနစ် အလိုအထိ ခရီးသွားမည့်သူကိုယ်တိုင် တစ်ဦးကိုတစ်စောင်သာ ရောင်းချပေးလျက်ရှိပါသည်။
  • အသက် (၃)နှစ်မှ(၁၂)နှစ်အောက်အထိ ကလေးလက်မှတ်ဝယ်ယူစီးနင်းရမည်ဖြစ်ပါသည်။
  • ခရီးသွားပြည်သူ များအနေဖြင့် လက်မှတ်ရုံကောင်တာမှ မထွက်ခွာမီ မိမိစီးနင်းမည့် ရထားအမှတ် မှန်/မမှန်၊ နိုင်ငံသား စိစစ်ရေးကဒ်အမှတ် မှန်/မမှန်၊ သွားရောက်မည့်ခရီးစဉ် မှန်/မမှန်၊ ကျသင့်သည့် လက်မှတ်ခ  မှန်/ မမှန် သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီး လက်မှတ်ရောင်း ကောင်တာမှ ထွက်ခွာကြရန်ဖြစ်ပါသည်။

 

လက်မှတ်ရောင်းချချိန်

  • ရန်ကုန်ဘူတာကြီး၊ မန္တလေးဘူတာကြီး၊ မော်လမြိုင်ဘူတာကြီးနှင့် ပြည်ဘူတာကြီးတို့တွင် ရက်ကြိုလက်မှတ်ရောင်းချိန်အဖြစ် နံနက် (၀၇:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ၊ နေ့လည်(၁၃:၀၀) နာရီ မှ (၁၅:၀၀)နာရီအထိသတ်မှတ်၍ ရောင်းချပေးလျက်ရှိပါသည်။
  • လက်ကျန်နေ့ချင်းလက်မှတ်များကို ရထားထွက်မည့်နေ့ နံနက်(၀၇:၀၀)နာရီမှ ရထားမထွက်မီ (၁၀)မိနစ် အလိုအထိ ခရီးသွားမည့်သူ ကိုယ်တိုင် တစ်ဦးကိုတစ်စောင်သာ ရောင်းချပေးလျက်ရှိပါသည်။
  • စာပို့ရထားရပ် ဘူတာငယ်များ ရထားမဆိုက်ရောက်မီ မိနစ်(၃၀)ကြိုတင်၍ ရောင်းချပါသည်။ လမ်းခရီးအမြန်ရထားရပ် ဘူတာကြီး များ ရထားမဆိုက်ရောက်မီ (၂)နာရီ ကြိုတင်၍ ရောင်းချပါသည်။

 

ရထားပေါ်တွင် မူမမှန်လက်မှတ်အဖြစ် သတ်မှတ်နိုင်သည့်အချက်များ

ရထားပေါ်တွင် တာဝန်ကျလက်မှတ်စစ်များမှ လက်မှတ်စစ်ဆေးရာတွင် သတ်မှတ်ထားသော အချက်များနှင့်မကိုက်ညီပါက မူမမှန်လက်မှတ်အဖြစ်သတ်မှတ်၍ ခရီးစဉ်စ/ဆုံး လက်မှတ်ခ၏ (၂)ဆအား ဒဏ်ကြေးငွေပေးဆောင်ရပါမည်။ မူမမှန်လက်မှတ်အဖြစ် အရေးယူနိုင်သည့်ပြစ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • (က)   လက်မှတ်မပါဘဲ ရထားစီးလျှင် (သို့မဟုတ်) စီးရန်အားထုတ်လျှင် ၊
  • (ခ)     လက်မှတ်စစ်ဆေးချိန်တွင် ထုတ်မပြနိုင်လျှင် (သို့မဟုတ်) ထုတ်ပြရန်ငြင်းဆိုလျှင်၊
  • (ဂ)     လက်မှတ်ပေါ်တွင်ပါရှိသော အတန်းထက်မြင့်သော အတန်း၌ စီးနင်းလျှင် (သို့မဟုတ်) စီးနင်းရန် အားထုတ်လျှင်၊
  • (ဃ)   လက်မှတ်တွင် ဖော်ပြထားသော ခရီးဆုံးဘူတာထက် ခရီးစဉ်ကျော်လွန်၍ စီးနင်းလျှင် (သို့မဟုတ်) စီးနင်းရန် အားထုတ်လျှင်၊
  • (င)     ရက်လွန်လက်မှတ်ဖြင့် စီးနင်းလျှင်၊
  • (စ)     စီးနင်းခွင့်ရှိသည့် ရထားတွင် မစီးဘဲ အခြားရထားတွင် စီးနင်းလျှင်၊
  • (ဆ)   လက်မှတ်တွင်ပါရှိသော အရေးကြီးသော အကြောင်းအရာများကို ခြစ်ဖျက်ပြင်ဆင် ထားလျှင်၊
  • (ဇ)    ခရီးဆုံးဘူတာ၌ လက်မှတ်မပေးအပ်နိုင်လျှင် (သို့မဟုတ်) ပေးအပ်ရန် ငြင်းဆိုလျှင်၊
  • (ဈ)    အသွား/အပြန်လက်မှတ်၏ မည်သည့် အစိတ်အပိုင်းကိုမဆို တစ်ဦးတစ်ယောက်ထံမှ ဝယ်ယူခြင်း ၎င်းလက်မှတ်ဖြင့် ရထားစီးခြင်း၊
  • (ည)   (၁၂)နှစ်နှင့်အထက် ခရီးသည်တစ်ဦးမှ ကလေးလက်မှတ်ဖြင့် ဝယ်ယူစီးနင်းလာပါက မူမမှန်လက်မှတ်အဖြစ် ဒဏ်ကြေးငွေ(၂)ဆ ကောက်ခံရမည်။ မူမ မှန်လက်မှတ်တွင် ပါဝင်သော ခရီးစဉ်အတိုင်း ဒဏ်ကြေးကောက်ခံရမည်။
  • (ဋ)       (၃)နှစ်မှ (၁၂)နှစ်အောက် လက်မှတ်မဲ့ကလေးခရီးသည်တစ်ဦး တွေ့ရှိပါက အတူပါ လာသည့် အုပ်ထိန်းသူခရီးသည်၏ ခရီးစဉ် အတိုင်း ဒဏ်ငွေကောက်ခံရပါမည်။

အထက်ပါပြစ်မှုများကို ကျူးလွန်လျှင် ကျသင့်သော လက်မှတ်ခ၏(၂)ဆကို ဒဏ်ငွေအဖြစ် အပြစ်ပေး အရေးယူနိုင်သည်။

ပျောက်ဆုံးလက်မှတ်နှင့် ခရီးသည်တစ်ဦး အခမဲ့တင်ဆောင်နိုင်သည့် အလေးချိန်သတ်မှတ်ချက်

  • (၁)  ပျောက်ဆုံးသောလက်မှတ်များအတွက် မြန်မာ့မီးရထားမှ လုံးဝတာဝန်မယူပါ။
  • (၂)   လက်မှတ်များကို ဝယ်ယူရရှိပြီးနောက် လုံခြုံစွာထိန်းသိမ်းရန်မှာ ခရီးသည်များ၏ တာဝန်သာဖြစ်ပါသည်။
  • (၃)  ရထားစီး ခရီးသည်တစ်ဦး လက်မှတ်ပေါ်မူတည်၍ အခမဲ့ယူဆောင်ခွင့် သတ်မှတ် ထားပါသည်။ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် (၁၅)ပိဿာ၊ အထက်တန်းလက်မှတ် တစ်စောင်လျှင်(၂၅)ပိဿာ၊ အိပ်စင်လက်မှတ်တစ်စောင် (၃၅)ပိဿာ ယူဆောင်ခွင့်ရှိပါသည်။ ယူဆောင်ခွင့်ရှိသည့် ပစ္စည်းများမှာ လမ်းခရီးတွင် စားသောက်နိုင်ရန်အတွက် ထမင်းချိုင့်လက်ဆွဲခြင်း၊ အဝတ်အစားအိတ်၊ အိပ်ရာလိပ်စသည့် ပစ္စည်းများသာ အခမဲ့ ယူဆောင်ခွင့်ပြုပါသည်။ ယူဆောင်ခွင့်ရှိသည့်အလေးချိန်ထက် ပိုမိုပါက ဒဏ်ငွေ ကောက်ခံရပါမည်။ အခမဲ့တင်ဆောင်သည့် ပစ္စည်းများတွင် ရောင်းဝယ်ဖောက်ကားသော ပစ္စည်းများ သယ်ဆောင်ခြင်း မပြုရပါ။
  • (၄)  အိမ်မွေးတိရစ္ဆာန်များအား လူစီးရထားတွဲများတွင် တင်ဆောင်ခွင့်မပြုပါ။ အကယ်၍ တင်ဆောင်လိုပါက လှောင်အိမ်တွင် ထည့်သွင်း၍ ပိုင်ရှင်တာဝန်ဖြင့် တန်ဆာရေးဆွဲပြီး ရထားထိန်းတွဲတွင် တင်ဆောင်နိုင်သည်။