ခရီးသည်ဌာနခွဲ

ခရီးသည်ဌာနခွဲ မှဆောင်ရွက်ရသည့်လုပ်ငန်းတာဝန်များ

ခရီးသည်ဌာနခွဲတွင် ဌာနစိတ်(၅)ခု(နှုန်းထား၊ ရထား၊ အထွေထွေ၊ စာရင်းအင်းနှင့်ပစ္စည်းဌာန) ရှိပြီး ဒုတိယအထွေထွေမန်နေဂျာ(ခရီးသည်) ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အဓိကတာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁) လူစီးရထားများ ပြေးဆွဲခြင်းဖြင့် ရရှိလာသည့် ခရီးသည်ဝင်ငွေ၊ ပါဆယ် လပ်ဂိတ်ဝင်ငွေများ တိုးတက်ရရှိ‌ရေး၊ ဝင်ငွေယိုဖိတ်မှု မရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခြင်း။

(၂) လူစီးတွဲ၊ ပါဆယ်/ ဘရိတ်တွဲများ အပြည့်အဝပါရှိရေး စီစဉ်ညှိနှိုင်းဆောင်ရွက်ခြင်း။

(၃) လူစီးရထားများ တိုးချဲ့ပြေးဆွဲသင့်သော လမ်းပိုင်းများကို စိစစ်လေ့လာတင်ပြ ခြင်း။

(၄) ရာသီအလိုက်ပွဲတော်ရက်များတွင် အထူးရထားများ ပြေးဆွဲရေး စီစဉ်ဆောင်ရွက် ခြင်း။

(၅) လွှတ်တော်ကိုယ်စားလှယ်များအား ရထားနေရာများ စီစဉ်ပေးခြင်း။

(၆) နိုင်ငံတော်အခမ်းအနားပွဲ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအတွက် ရထား နေရာများ စီစဉ်ပေးခြင်း။

(၇) ခရီးသည်ဘက်ဆိုင်ရာ အခနှုန်းထားများကို စိစစ်တင်ပြခြင်း။

(၈) နိုင်ငံခြားသားခရီးသည်များအတွက် ခရီးစဉ်နှင့် နေရာညှိနှိုင်းစီစဉ်ပေးခြင်း။

(၉) သီးသန့်နယ်လှည့်တွဲ (BTE) ငှားရမ်းမှု စီစဉ်ဆောင်ရွက်ခြင်း။

(၁၀) အလုံပိတ်ကားတင်တွဲ(ABV) စီစဉ်ဆောင်ရွက်ခြင်း။

(၁၁) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့် စာတိုက်တွဲဖြင့် ချောပို့လုပ်ငန်း၊ အမြန်ချောပို့လုပ်ငန်း၊ အလေးချိန်စနစ်ဖြင့် ချောပို့လုပ်ငန်းများ အတွက် စီစဉ်‌ဆောင်ရွက်ပေး ခြင်း။

(၁၂) ကာကွယ်‌ရေးဝန်ကြီးဌာနနှင့် ပြည်ထဲ‌ရေးဝန်ကြီးဌာနတို့၏ စစ်ချော/ရဲချော ပို့လုပ်ငန်းများ အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။

(၁၃) ကုန်စည်စီးဆင်မှု မှန်ကန်စေ‌ရေးအတွက် စပေါ်ငွေတင်သွင်းပြီး ပါဆယ်တွဲ အလှည့်ကျ တင်‌ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်ပေးခြင်း။

(၁၄) ခရီးသွားလာမှုများပြားသည့် ဘူတာများတွင် လူစီးရထားထပ်တိုးရပ်တန့်ပေးခြင်း၊ ထိုင်ခုံ နေရာတိုးမြှင့်ပေးခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးခြင်း။

(၁၅) ကျေးလက်ဒေသဖွံဖြိုးရေးအတွက် ရပ်စခန်းဘူတာများ ဖွင့်လှစ်နိုင်‌ရေး စိစစ်ဆောင်ရွက်ပေးခြင်း။

(၁၆) စက်သုံးဆီနှင့် ဝင်ငွေကုန်ကျ စရိတ်နှိုင်းယှဉ်၍ စိစစ်တင်ပြခြင်း။

(၁၇) လွှတ်‌တော်အသီးသီးမှ မေးမြန်းလာသော ‌မေးခွန်းများ ကိုအချိန်နှင့်တပြေးညီ ဖြေကြားနိုင်‌ရေး ဆောင်ရွက်ရခြင်း။

(၁၈) ပြည်သူ့ဆက်ဆံရေးဌာနစိတ် (Public Relation Center) တို့မှ တင်ပြချက်များအပေါ် ခရီးသည်ဌာနနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဆောင်ရွက်ခြင်း။