ကွန်ကရစ်ဇလီဖားစက်ရုံ

ကွန်ကရစ်ဇလီဖားစက်ရုံများအကြောင်း

(၁)       ကွန်ကရစ်ဇလီဖားစက်ရုံ(ခင်ဦး) ။         စက်ရုံတည်ဆောက်နိုင်ရေးအတွက် CHINA   NATIONAL  COMPLETE  PLANT  IMP. & EXP. YUNNAN CO.,Ltd နှင့် မြန်မာ့ မီးရထားတို့ ၂၀၀၇ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့၌  စာချုပ်ချုပ်ဆို၍ ၂၀၀၉ ခုနှစ်တွင် စက်ရုံတည်ဆောက်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် အသုံးပြုရန် လိုအပ် သော အရည်အသွေးပြည့်မှီသော ကွန်ကရစ်ဇလီဖားများကို ထုတ်လုပ်ပေးလျက်ရှိ ပါသည်။

(၂)        ကွန်ကရစ်ဇလီဖားစက်ရုံ(ပခုက္ကူ)။        စက်ရုံတည်ဆောက်နိုင်ရန်အတွက် မြန်မာ့ မီးရထားနှင့် CHINA   NATIONAL  COMPLETE  PLANT  IMP & EXP. YUNNAN CO.,Ltd အကြား ၂၀၀၇ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့၌  စာချုပ်ချုပ်ဆိုခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဘူတာအနီးတွင် ကြိုတင်အားဖြည့် ကွန်ကရစ် ဇလီဖားစက်ရုံကို ၂၀၀၈-ခုနှစ်၊  ဒီဇင်ဘာလ (၁)ရက်နေ့တွင် တည်ဆောက်ခဲ့ခြင်းဖြစ် ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဘူတာအနီးတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရေး အတွက် သစ်သားဇလီဖားများအစား ကြိုတင်အားဖြည့်ကွန်ကရစ်ဇလီဖား ထုတ်လုပ် နိုင်ရေး အတွက်လည်းရည်ရွယ်၍ ကြိုတင်အားဖြည့်ကွန်ကရစ် ဇလီဖားစက်ရုံ (ပခုက္ကူ) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

(၃)       ကွန်ကရစ်ဇလီဖားစက်ရုံ(ဥသျှစ်ပင်)။    စက်ရုံအား CHINA   NATIONAL  COMPLETE  PLANT  IMP. & EXP. YUNNAN Co.,Ltd နှင့် ၂၀၀၇ခုနှစ်၊ နိုဝင်ဘာလ၌ စာချုပ်ချုပ်ဆို၍ (၁၅.၈.၂၀၀၈)ရက်နေ့တွင် စက်ရုံ စတင်တည်ဆောက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်(အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘူတာအနီးတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကွန်ကရစ်ဇလီဖားနှင့် သံလမ်းထိန်း ကလစ်များ ထုတ်လုပ်ရန်လျာထား၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ကွန်ကရစ်ဇလီဖား ထုတ်လုပ်ခြင်းလုပ်ငန်း ရပ်နားထားသော်လည်း ပေ(၄၀)နှင့်ပေ (၆၀) အထက် တံတားကြီးများ အတွက် Guard Rail Sleeper များ၊ ဘူတာပလက်ဖောင်း ဆိုင်းဘုတ်၊ တရားမဝင် ကားလမ်းကူးဆိုင်းဘုတ်၊ ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်၊ အန္တရာယ်ရှိသည်ဆိုင်းဘုတ်၊ ယာဉ်ရပ်ပါဆိုင်းဘုတ်၊ ကိုက်(၁၀၀)၊ ကိုက်(၃၀၀)ဆိုင်းဘုတ်၊ ကွန်ကရစ် ရေမြောင်းများ  (10’ R C Precast Drain)၊ မြန်မာ့မီးရထားပိုင်မြေ မကျူးကျော်ရဆိုင်းဘုတ်၊ ဘူတာလမ်းညွှန်ဆိုင်းဘုတ်နှင့် မီးရထားမိုင်တိုင်များ ထုတ်လုပ် ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

(၄)       ကွန်ကရစ်ဇလီဖားစက်ရုံ(မင်းဘူး)။ စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြန်မာ့ မီးရထား နှင့်  CHINA   NATIONAL  COMPLETE  PLANT  IMP. & EXP. YUNNAN CO.,Ltd တို့ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၌  စာချုပ်ချုပ်ဆိုခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူး ဘူတာအနီးတွင် တည်ရှိပြီး ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ Meter Gauge ရထားသံလမ်းများအတွက်  ကွန်ကရစ်ဇလီဖား ထုတ်လုပ်နိုင်ရုံသာမက  Standard Gauge  ရထားသံလမ်းများတွင် အသုံးပြုနိုင်သည့်  Dual Gauge ကွန်ကရစ်ဇလီဖားများ၊ သံလမ်းထိန်းကလစ်များကိုလည်း ထုတ်လုပ်နိုင် ပါသည်။

(၅)       ကွန်ကရစ်ဇလီဖားစက်ရုံ(မုတ္တမ)။         စက်ရုံတည်ဆောက်နိုင်ရေးအတွက်  အိန္ဒိယနိုင်ငံ အခြေစိုက် Tantia Concrete Products Limited ကုမ္ပဏီနှင့် မြန်မာ့မီးရထားတို့  ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါသည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင်တည် ရှိပြီး ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပဲခူး-မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင်  လိုအပ်သည့် ကွန်ကရစ်ဇလီဖားများ ထည့်သွင်းအသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

(၆)       ကွန်ကရစ်ဇလီဖားစက်ရုံ(ပြွန်တန်ဆာ)။        စက်ရုံတည်ဆောက်နိုင်ရေးအတွက် Tantia Concrete Products Limited နှင့် မြန်မာ့မီးရထားတို့ ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့၌ စာချုပ်ချုပ်ဆို၍ စက်ရုံတည်ဆောက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် တည်ရှိပြီး ၂၀၀၄ခုနှစ်၊ ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ပြွန်တန်ဆာစက်ရုံအား အိုပက် ချေးငွေ (OPEC) ရယူ၍ ရန်ကုန်-ညောင်လေးပင်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

(၇)       ကွန်ကရစ်ဇလီဖားစက်ရုံ(ရွှေညောင်)။   စက်ရုံကို CHINA   NATIONAL  COMPLETE  PLANT  IMP & EXP. YUNNAN CO.,Ltd နှင့် ၂၀၀၉ခုနှစ်၊ ဇူလိုင်လ၌  စာချုပ်ချုပ်ဆို၍ ၂၀၁၀ ခုနှစ်တွင် စက်ရုံ တည်ဆောက်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ ရွှေညောင်ဘူတာအနီး၊ ရွှေညောင်မြို့တွင် ကြိုတင်အားဖြည့် ကွန်ကရစ် ဇလီဖားစက်ရုံကို ၂၀၁၀-ခုနှစ်၊ မေလ (၂၇)ရက်နေ့တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နမ့်စန်-ကျိုင်းတုံ ရထားလမ်းပိုင်း၊ သာစည်- ရွှေညောင်-ရပ်စောက်ရထားလမ်းပိုင်း၊ အောင်ပန်းလွိုင်ကော် လမ်းပိုင်း၊ ရွှေညောင် – တောင်ကြီး – ဆိုက်ခေါင် – နမ့်စန် – မိုးနဲ လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် ရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် သစ်သားဇလီဖားနေရာတွင် ကွန်ကရစ်ဇလီဖား လဲလှယ် နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

(၈)       ကွန်ကရစ်ဇလီဖားစက်ရုံ(သီပေါ)။         စက်ရုံ တည်ဆောက်နိုင်ရေးအတွက် CHINA   NATIONAL  COMPLETE  PLANT  IMP & EXP. YUNNAN CO.,Ltd နှင့် ၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၌  စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ သီပေါ မြို့နယ်၊ ဘော်ကြိုရွာနှင့် နားခဲရွာကြားတွင် တည်ရှိပြီး ၂၀၁၂ ခုနှစ်၊ ဩဂုတ် လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ Meter Gauge ရထားသံလမ်းများအတွက်  ကွန်ကရစ် ဇလီဖား ထုတ်လုပ်နိုင်ရုံသာမက Standard Gauge  ရထားသံလမ်းများတွင် အသုံးပြု နိုင်သည့်  Dual Gauge ကွန်ကရစ်ဇလီဖားများကိုလည်း ထုတ်လုပ်နိုင်ပါသည်။

(၉)       ကွန်ကရစ်ဇလီဖားစက်ရုံ(မြစ်ငယ်)။      တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Complete Plant Import and Export Yunan Corporation က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက် – လုပ်ငန်းလည်ပတ် – လွှဲပြောင်း ( Build- Operate – Transfer)(BOT) စနစ်ဖြင့်  စက်ရုံတည်ဆောက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ် မြို့တွင် တည်ရှိပြီး ၁၉၉၈ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ယခုအခါ ကွန်ကရစ်ဇလီဖားစက်ရုံ (မြစ်ငယ်)မှ မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် အသုံးပြုရန် လိုအပ်သော အရည်အသွေးပြည့်မှီသော ကွန်ကရစ်ဇလီဖားများကို ထုတ်လုပ်ပေးလျက် ရှိပါသည်။