အင်ဂျင်နီယာအလုပ်ရုံ၊ ရန်ကုန်

အင်ဂျင်နီယာအလုပ်ရုံ၊ ရန်ကုန် ၏ နောက်ခံသမိုင်း

ဒုတိယကမ္ဘာစစ်မဖြစ်မီက မြန်မာ့မီးရထား၊ အင်ဂျင်နီယာဌာနခွဲတွင် အချက်ပြအလုပ်ရုံနှင့် ကြေးနန်းအလုပ်ရုံဟူ၍ အလုပ်ရုံနှစ်ရုံရှိခဲ့ပါသည်။ အချက်ပြအလုပ်ရုံသည် ယခုအင်ဂျင်နီယာအလုပ်ရုံ တည်ရှိသောနေရာ၌ဖြစ်၍ ကြေးနန်းအလုပ်ရုံမှာ ယခု RBE အကြီးတန်းပြင်စက်ရုံ တည်ရှိသောနေရာ၌ ဖြစ်ပါ သည်။ အလုပ်ရုံများတွင် သံလမ်းလွှဲ/ကူးများနှင့် အချက်ပြနှင့်ကြေးနန်းဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ပြုပြင်သောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ သံလမ်းများ၊ အချက်ပြများနှင့် တံတားများပျက်စီးချို့ယွင်းမှုများ ရှိခဲ့ သဖြင့် စစ်ကြီးပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဖြည့်တင်းဆောင်ရွက်နေချိန်တွင် ရရှိခဲ့သောစက်ပစ္စည်းများနှင့် မော်တော်ယာဉ်အချို့ကို စုပေါင်းကာ အင်ဂျင်နီယာဌာနခွဲလက်အောက်တွင် ယခုအင်ဂျင်နီယာအလုပ်ရုံ၊ ရန်ကုန်ကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပါသည်။

ဤသို့ တစ်စတစ်စဖြင့် တိုးချဲ့ဖွဲ့စည်းလာခဲ့ရာ အထွေထွေလုပ်ငန်းနှင့် သံတံတားဘောင်များ ပြုပြင်ရုံ၊ သံရည်ကျိုနှင့်ပုံသွင်းရုံ စသည်ဖြင့် အလုပ်ရုံတွင် စက်ရုံဌာနစိတ် စုစုပေါင်း(၁၃)ရုံ တည်ရှိလာခဲ့ပါ သည်။

အင်ဂျင်နီယာအလုပ်ရုံ၊ ရန်ကုန်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၁၅၇)တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း(အိုးအိမ်ဦးစီးဌာန)၊ တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အနောက်ဘက်တွင် ပန်းဆိုးတန်းဂုံးကျော်တံတားနှင့် မြောက်ဘက်တွင် ရန်ကုန်ဘူတာကြီးတို့ တည်ရှိပါသည်။