မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတွင် ရုံးအကူ ဝန်ထမ်း(၈)ဦးခန့်ထားမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက် များနှင့် ပြည့်စုံသူများအလုပ်သမားညွန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး)ဥတ္တရခရိုင်မှတစ်ဆင့် ၃၁.၈.၂၀၂၆ ရက်နေ့နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်-
| (က) | အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ |
| (ခ ) | အသက်(၃၀)နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည်။ |
| (ဂ ) | ကျန်းမာရေးနှင့်အကျင့်စာရိတ္တကောင်းမွန်၍ ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။ |
| (ဃ) | စာရွက်စာတမ်းများပြည့်စုံမှန်ကန်သူဖြစ်ရမည်။ |
| (င) | တာဝန်ထမ်းဆောင်မည့် လုပ်ငန်းသဘာဝအရ အင်္ဂလိပ်စာအသင့်အတင့် တတ်ကျွမ်းသူ၊ ကွန်ပျူတာအခြေခံတတ်ကျွမ်းသူများကို ဦးစားပေးခန့်ထားပါမည်။ |
| (စ) | ဝန်ကြီးဌာနများတွင် ထုတ်ပယ်/ထုတ်ပစ်ခံခဲ့ရသူများကို လက်ခံမည်မဟုတ်ပါ။ |