တံတားဘောင်အလုပ်ရုံ(မလွှကုန်း)၊ ရန်ကုန်

တံတားဘောင်အလုပ်ရုံ(မလွှကုန်း)၊ ရန်ကုန် ၏ နောက်ခံသမိုင်း

၁၉၆၄ ခုနှစ်၊ စစ်တောင်းတံတားသစ် ပြန်လည်တည်ဆောက်ပြီးစီးခဲ့ရာမှ ကျန်ရှိသော လုပ်ငန်း သုံး သံမဏိတံတားဘောင်များ၊ တံတားနှင့်ပတ်သက်သည့် ဆက်စပ်သံထည်ပစ္စည်းများအား လေလွင့် ပျက်စီးမှုကို ကာကွယ်ရန်နှင့် မြန်မာ့မီးရထား လမ်းပိုင်းများ၌ ပျက်စီးနေသော သံမဏိတံတားဘောင် များ ပြုပြင်နိုင်ရေးတို့အတွက် (၁၉၆၅)ခုနှစ်တွင် မလွှကုန်း (ရန်ကုန်)၌ တံတားဘောင်အလုပ်ရုံကို ရွေးချယ်တည်ထောင်ကာ ဆောင်ရွက်ခဲ့ပါသည်။

၁၉၇၇ ခုနှစ်မှစ၍ (၁၀)ပေမှ (၄၀)ပေအထိ ကြိုတင်အားဖြည့် ကွန်ကရစ်တံတားဘောင်များနှင့် ကြိုတင်အားဖြည့်ကွန်ကရစ်ဇလီဖားများကို စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စမ်းသပ်ဆောင်ရွက် သည့် အဆင့်မှ ၁၉၈၀ ခုနှစ်တွင် ထုတ်လုပ်နိုင်သော အဆင့်သို့ ကူးပြောင်းခဲ့ပါသည်။

၁၉၈၉ ခုနှစ်မှစ၍ ကားလမ်းကူး ခုံးကျော်တံတားများနှင့် ရထားလမ်းများအတွက် (၈၅)ပေ ခန်း ဖွင့်အထိ ကြိုတင်အားဖြည့် ကွန်ကရစ်တံတားဘောင်များကို ဒီဇီုင်းပြုလုပ်၍ စီမံကိန်းအသီးသီး၌ ယနေ့တိုင်အောင် ထုတ်လုပ်အသုံးပြုလျက်ရှိပါသည်။

၎င်းအပြင် သံမဏိတံတားဘောင်အသစ်များထုတ်လုပ်ခြင်းနှင့် အဟောင်းများပြန်လည်ပြုပြင် မွန်းမံခြင်းလုပ်ငန်းများ ၊ လိုအပ်သော တိုင်းအသီးသီးနှင့် စီမံကိန်းများအတွက် သံကူကွန်ကရစ်ဖြင့် ဘူတာဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့် သတိပေးဆိုင်းဘုတ်များ၊ အခြားကွန်ကရစ် ထုတ်ကုန် များကိုလည်းထုတ်လုပ်ပေးလျက်ရှိပါသည်။