၁။             ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမ ဘေး၊ ကညွတ်ကွင်း ဘူတာနယ်မြေရှိ မြန်မာ့မီးရထားပိုင်မြေကွက်(၁)ကွက် (အလျား ၁၀၀ပေ x အနံ ၅၀ပေ) မီတာအားဖြင့် (အလျား ၃၀.၄၉ x အနံ ၁၅.၂၄ မီတာ= ၄၄၆.၆၇ စတုရန်းမီတာ) (၀.၁၁) ဧကပေါ်တွင် Mini Mart ၊ ပွဲရုံ၊ စားသောက်ဆိုင်လုပ်ငန်းများမှ လုပ်ငန်းတစ်ခုခု လုပ်ကိုင်ခွင့်အား (၁-၁၀-၂၀၂၄ မှ ၃၀-၉-၂၀၂၉ထိ) (၅) နှစ်သက်တမ်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် များသို့  ဈေးပြိုင် လေလံစနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခြင်းအား (၂၈-၃-၂၀၂၄) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံများကို (၁)စုံလျှင် (၃၀,၀၀၀/-)ကျပ်နှုန်းဖြင့် မြန်မာ့မီးရထား၊ မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၆) ရန်ကုန်ရုံး၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ (၁၃-၃-၂၀၂၄ မှ ၂၆-၃-၂၀၂၄ ထိ) ရုံးချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် (ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတီ