၁။             ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဘူတာအနီး၊ ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ခရေပင်ရိပ်မွန်လမ်းကြားရှိ မြန်မာ့မီးရထားပိုင်မြေ အကျယ်အဝန်း (၆၄၁.၂၆၄) စတုရန်းမီတာ /၀.၁၅၈  ဧကနှင့် ယင်းမြေပေါ်ရှိ Steel Structure (၂)ထပ် အဆောက်အဦ (၁)လုံး၊ ကြမ်းခင်းဧရိယာ (၂၃၃.၂၇) စတုရန်းမီတာတို့အား ဆေးခန်း/ ရုံးခန်း/ သင်တန်း ကျောင်း/ စတိုးဆိုင်/စားသောက်ဆိုင် လုပ်ငန်းများမှ လုပ်ငန်း(၁)ခု (သို့မဟုတ်)လုပ်ငန်း (၂)ခုလုပ်ကိုင်ခွင့်အား (၁-၅-၂၀၂၄ မှ ၃၀-၄-၂၀၂၉ ထိ)(၅)နှစ် သက်တမ်းဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့  ဈေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခြင်းအား(၂၈-၃-၂၀၂၄) ရက်နေ့ (၁၄:၀၀)နာရီ အချိန်တွင် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံများကို (၁)စုံလျှင် (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် ရန်ကုန်ဘူတာ၊ (ပထမ)ထပ်ရှိ၊ မန်နေဂျာ (စီးပွားရေး/တိုင်း) တိုင်းအမှတ်(၇) ရန်ကုန်ရုံးတွင် (၁၃-၃-၂၀၂၄ မှ ၂၆-၃-၂၀၂၄ထိ) ရုံးချိန် အတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် (ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတ