၁။             ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်၊ ရန်ကုန်ဘူတာပါဆယ်(၂)ယာဒ်ဝင်းအတွင်းရှိ မြန်မာ့မီးရထားပိုင် မြေအကျယ်အဝန်း(၀.၂၅၅)ဧက/ (1035.03)စတုရန်းမီတာပေါ်တွင် Mini Mart၊ Showroom၊ Coffee Shop၊ Food Court၊  Sport Bar  လုပ်ငန်းများမှ လုပ်ငန်းတစ်ခု(သို့မဟုတ်)လုပ်ငန်းနှစ်ခုအား (၁-၁-၂၀၂၄  မှ ၃၁-၁၂-၂၀၂၈)ထိ (၅)နှစ်သက်တမ်းငှားရမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမဆောင်၌ (၃၁-၈-၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင် လေလံစနစ်ဖြင့် (Open Tender) ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံများကို (၁)စုံလျှင် (၃၀,၀၀၀/-)ကျပ်နှုန်းဖြင့် မန်နေဂျာ(စီးပွားရေး/တိုင်း) တိုင်းအမှတ်(၇)ရန်ကုန် ရုံးတွင် (၁၄-၈-၂၀၂၃ မှ  ၃၀-၈-၂၀၂၃ ထိ)ရုံးချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/ ၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတီ