၁။             ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဘူတာယာဒ်ဝင်းအတွင်းရှိ မြန်မာ့မီးရထားပိုင်မြေအကျယ်အဝန်း(၀.၁၅၈၇) ဧက/(၆၄၂.၄၇၆)စတုရန်းမီတာနှင့် ယင်းမြေပေါ်ရှိ RC(2)ထပ် အဆောက်အဦ စုစုပေါင်းကြမ်းခင်းဧရိယာ (၄၆၄.၆၈၄) စတုရန်းမီတာအား ဆေးခန်း၊ ရုံးခန်း၊ သင်တန်းကျောင်းလုပ်ငန်းတစ်ခုခုလုပ်ကိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့(၁-၁၁-၂၀၂၃ မှ ၃၁-၁0-၂၀၂၈ ထိ)(၅)နှစ်သက်တမ်းငှားရမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာ ဧည့်ခန်းမဆောင်၌ (၃၁-၈-၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံများကို(၁)စုံလျှင် (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် မန်နေဂျာ(စီးပွားရေး/တိုင်း) တိုင်းအမှတ်(၇)ရန်ကုန် ရုံးတွင် (၁၄-၈-၂၀၂၃ မှ  ၃၀-၈-၂၀၂၃ ထိ)ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/ ၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတီ