စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန

  • Home
  • /
  • စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန

စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန

အထွေထွေမန်နေဂျာ(စီမံ/အုပ်ချုပ်)

တာဝန်ဝတ္တရားများ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော “မူ” များနှင့် ညွှန်ကြားချက်များကို ဦးဆောင်ညွှန်ကြားရေးမှူးမှ ထပ်ဆင့် ချမှတ်ပေးသည့်အတိုင်း စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၊
  • ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန၏ နေ့စဉ် လုပ်ငန်းများကို လိုအပ်သလို ညှိနှိုင်းလျက် ဦးဆောင်မှုပေးပြီး စီမံခန့်ခွဲ ဆောင်ရွက်ခြင်း၊
  • မြန်မာ့မီးရထား၏ လုပ်ငန်းများဆေင်ရွက်ရန် ချမှတ်ထားသော စီမံကိန်းနှင့် ယင်းစီမံကိန်းများ အကောင်အထည်ဖော် လုပ်ဆောင်မှုကို ကြီးကြပ်ကွပ်ကဲရခြင်း၊
  • ဦးဆောင်ညွှန်ကြားရေးမှူး၏ ကိုယ်စား ဆောင်ရွက်သင့်သော လုပ်ငန်းများကို တာဝန် ပေးအပ်သည့်အတိုင်း ဆောင်ရွက်ခြင်း၊
  • မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခြင်း၊
  • မော်တော်ယာဉ်ဌာနခွဲ၊ ပြန်ကြားရေးဌာနခွဲ၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ များ လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
    မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခြင်း၊
    မော်တော်ယာဉ်ဌာနခွဲ၊ ပြန်ကြားရေးဌာနခွဲ၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ များ လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊