ဌာနအကြောင်း

မြန်မာ့မီးရထားအကြောင်း

မြန်မာ့မီးရထားရဲ့ အဓိက လုပ်ငန်းတာ၀န်ကတော့ ခရီးသည်နဲ့ ကုန်စည်များကို လုံခြုံ ချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်ရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ပင် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လူ၊နဲ့ ငွေကြေးစတဲ့ သယံဇာတများကို မလေမလွင့် အကျိုးရှိစွာ အထိရောက်ဆုံးသုံးစွဲရေး၊ ဈေးကွက် စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်ရသော အခြေအနေမှာ စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ကာ ခရီးသည်၊ ကုန်စည်ကို လုံလောက်စွာနဲ့ ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်သော အဖွဲ့အစည်း ဖြစ်လာစေရေးတို့အတွက် ရည်မှန်းချက်(၁၁)ချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာ့မီးရထား နောက်ခံသမိုင်း

  • ၁.၅.၁၈၇၇ ရက်နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ရထား လမ်း ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။
  • ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railwayသည် Burma Railway Co., Ltd. သို့ ရထား သွားလာမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်းခဲ့ပါသည်။ ငှားရမ်းခ ကာလ ကုန်ဆုံးသည့် ၃၁.၁၂.၁၉၂၈ ရက်နေ့မှစ၍ Indian Railway Board လက်အောက်သို့ လွှဲပြောင်း ပေးခဲ့ပါသည်။
  • ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့် ရရှိသည်နှင့်အညီ မြန်မာ နိုင်ငံအစိုးရသည် Burma Railway Boardကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
  • ၁၉၄၂ ခုနှစ်တွင် British Governor သည် Burma Railway Board၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား Chief Railway Commissioner သို့ လွှဲပြောင်းပေးခဲ့ပါသည်။
  • ၄.၁.၁၉၄၈ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် ငွေစာရင်းမင်းကြီးအား (Financial Commissioner, Lands and Rural Development) Railway Board၏ ဥက္ကဋ္ဌ (Chairman) အဖြစ် ခန့်အပ် တာဝန် ပေးခဲ့ပါသည်။
  • ၁.၁၂.၁၉၅၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေပြဌာန်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အား ဖွဲ့စည်း၍ အချိန်ပြည့် ဥက္ကဋ္ဌ ကို ခန့်အပ်တာ၀န်ပေးခဲ့ပါသည်။ အဆိုပါ ဥက္ကဋ္ဌသည် Chief Executive Officer တာဝန်ကိုပါ ထမ်းဆောင်ရပါသည်။
  • ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူး က ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ် စေခဲ့ပါသည်။
  • ၁၈.၈.၁၉၈၈ ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်၏ တာ၀န်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁.၄.၁၉၈၉ ရက်နေ့တွင် မြန်မာ့မီးရထား ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
  • မြန်မာ့မီးရထား သည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင်(၁၄၀)နှစ် ရှိခဲ့ပြီးဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံ ရထား လုပ်ငန်းများတွင် သက်တမ်းရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိပါသည်။

တိုင်းအလိုက် လမ်းကြောင်းပြ မြေပုံများ

တိုင်းအမှတ် ၁
မြစ်ကြီးနား လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၂
ရွာထောင် လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၃
မန္တလေး လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၄
ကလော လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၅
တောင်ငူ လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၆
ရန်ကုန် လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၇
ရန်ကုန် လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၈
မော်လမြိုင် လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၉
ဟင်္သာတ လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၁၀
ပခုက္ကူ လမ်းကြောင်းပြ မြေပုံ

တိုင်းအမှတ် ၁၁
ပုဂံ လမ်းကြောင်းပြ မြေပုံ

မြန်မာ့မီးရထား၏ ဥပဒေစည်းမျဉ်းများ