၁။   အောက်ဖော်ပြပါ လုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်
စဉ် တင်ဒါအမှတ် လုပ်ငန်းအမျိုးအမည်
၂၇၇/မမ/CE ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊

ခရေပင်ခုံးကျော်တံတားနှင့် ရှမ်းလမ်းဘူတာကြားတွင် Fanck Block ကျောက်ပြားကပ်ခြင်း(၁၈၀၀-ပေ)လုပ်ငန်း

 

၂၇၈/မမ/CE

တိုင်းအမှတ်(၃)၊ မန္တလေး

စန်းသော်တာ ဝန်ထမ်းအိမ်ရာ(၆)ခန်းတွဲ (၅)ထပ် (၇)လုံး ပြုပြင်ခြင်း(4050 Sft) နှင့် (၁၀)ခန်းတွဲ(၅)ထပ်(၂)လုံး ပြုပြင်ခြင်း (7177.5  Sft)

၂၇၉/မမ/CE ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊

ပဲခူး-ညောင်လေးပင်လမ်းပိုင်း၊  Phase(I)CP-102 တွင် ဂိတ်စောင့်နေအိမ် (၂)ခန်းတွဲ (၄)လုံးဆောက်လုပ်ခြင်း  Steel Structure (44’ x32’) Level Crossing (34,37,39,51)လုပ်ငန်း

၂၈၀/မမ/CE တိုင်းအမှတ်(၈)၊ မော်လမြိုင်

မော်လမြိုင်ဘူတာ စက်ခေါင်းပြင်စက်ရုံသစ်တွင် စက်ခေါင်းဆီထည့်သည့်ချောဆီရုံ တည်ဆောက်ခြင်း(1350 Sft) နှင့် တွဲပြင်ရုံသစ်တည်ဆောက်ခြင်း (8640 Sft)

၂၈၁/မမ/CE တိုင်းအမှတ်(၈)၊ မော်လမြိုင်နယ်မြေ၊ မော်လမြိုင်စက်ခေါင်းပြင်စက်ရုံသစ် အတွက် အုတ်ခြံစည်းရိုးကာရံခြင်း(၇၀၀-ပေ)နှင့် ရေးစက်ခေါင်းရုံအား အုတ်ခြံစည်းရိုး ကာရံခြင်း (၁၀၁၀-ပေ)၊ စုစုပေါင်း(၁၇၁၀-ပေ) လုပ်ငန်း
၂၈၂/မမ/CE တိုင်းအမှတ်(၁၁)၊ ပုဂံ

ပြည်-ပုဂံလမ်းပိုင်း၊ ပြလို့-ထောက်ကြံ့တိုင်ကြားရှိ (မအူခုံတောင်ကြား)တွင် Gabion Box  ဖြင့် Retaining Wall ပြုလုပ်ခြင်းနှင့်  Gabion Box , Reno mattress ဖြင့်ရထားလမ်းအောက်မြေသားပြုလုပ်ခြင်း

တင်ဒါပိတ်မည့်နေ့/အချိန် –  (၄.၈.၂၀၂၆) နေ့လည် (၂:၃၀) နာရီ

 

၂။      တင်ဒါပုံစံများကို အောက်ဖော်ပြပါ ဌာနတွင် (၂၁ .၇.၂၀၂၆) ရက်နေ့မှ စတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ၎င်းဌာနသို့ မေးမြန်းနိုင်ပါသည်။

ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊

ရန်ကုန်မြို့၊ ဖုန်း 294352, 291994