၁။             မြန်မာ့မီးရထား၏ သီလဝါ-တိုးကြောင်ကလေး-ရန်ကုန်မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံ ရထားလမ်းပိုင်းများတွင် ရထားဖြင့် ကုန်စည် သယ်ယူပို့ဆောင်မှု လုပ်ငန်းနှင့် ဘူတာ (၁၀)နေရာ၌ ဆက်စပ်သည့် Warehouse and Distribution Center အငယ်စားများ တည်ဆောက်/လည်ပတ်လုပ်ကိုင်ခြင်းလုပ်ငန်းတို့ကို Package စနစ်(၅) နှစ်မူဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသော နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီအဖွဲ့အစည်းများသို့ တင်ဒါ အဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။             ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် (၅၁)လမ်းထိပ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင်  တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံ (Instructions to Tenderer & Request for Proposal)များကို (၁)စုံလျှင် ငွေကျပ် ၅၀၀,၀၀၀/- နှုန်းဖြင့် (၁-၁-၂၀၂၄ မှ ၁၅-၁-၂၀၂၄ ထိ)  ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူနိုင်ပါသည်။ တင်ဒါအဆိုပြုလွှာများကို (၁.၄.၂၀၂၄) နေ့၊ နေ့လည်(၂:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရမည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါကမြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်၊(၀၆၇-၇၇၀၄၈ / ၇၇၁၆၃) သို့ဖြစ်စေ၊ Email- commercialheadoffice2020@gmail.com သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါခေါ်ယူရေးနှင့်စိစစ်ရေးကော်မတီ