၁။   ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲလျှက်ရှိသော အမှတ်(၅)အဆန်၊ (၆)အစုန် အမြန်ရထား(၂)စင်းတွင် စားသောက်တွဲ ဝန်ဆောင်မှုလုပ်ငန်း (၁-၁၁-၂၀၂၃ မှ ၃၁-၁၀-၂၀၂၄ ထိ) (၁)နှစ်သက်တမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထားရုံးချုပ်၊ နေပြည် တော်ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာန အစည်းအဝေးခန်းမ၌ (၂၆-၁၀-၂၀၂၃) ရက် နေ့ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံ စနစ်ဖြင့် (Open Tender) ခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။    မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၃)မန္တလေးနှင့် တိုင်းအမှတ် (၇) ရန်ကုန် ရုံးတို့တွင် တင်ဒါစည်းကမ်းချက်နှင့်တင်ဒါအဆိုပြုလွှာပုံစံများကို (၁)စုံလျှင် (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၂-၁၀-၂၀၂၃ မှ ၂၅-၁၀-၂၀၂၃ ထိ) ရုံးချိန်အတွင်း (ရုံးပိတ်ရက်များမပါ) ဝယ်ယူနိုင်ပါသည်။

၃။      အသေးစိတ်အချက်များကို သိရှိလိုပါက မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော် ဘူတာ (ပထမ) ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် (ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ