၁။       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန၊ အချက်ပြနှင့်ဆက်သွယ်ရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ ( ၄ ) အလုပ်သင်ရာထူး လစာနှုန်း ကျပ်( ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀ )အမျိုးသား(၈)ဦးအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသာ လျှောက်ထားနိုင်ပါသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ)     လျှောက်လွှာပိတ်သည့်(၂၂-၁၀-၂၀၂၅)နေ့တွင်  အသက်(၁၈)နှစ်ပြည့်ပြီး၊ အသက် ( ၃၀ ) နှစ်ထက်မကျော်စေရ။

(ဂ)     အနိမ့်ဆုံးပညာအရည်အချင်းမှာ AGTI ( EP, EC, Mechatronics ) (သို့မဟုတ်) B.Tech      ( EP, EC, Mechatronics )  အောင်မြင်ပြီးသူများ ဖြစ်ရမည်။

(ဃ)    ကျန်းမာရေးကောင်းမွန်ပြီး အမြင်အာရုံကောင်းမွန်သူဖြစ်ရမည်။ မျက်မှန်/မျက်ကပ်မှန်  တပ်ဆင်ထားသူများ မဖြစ်စေရ။

(စာမေးပွဲအောင်မြင်ပြီးပါက Colour Blind Test စစ်ဆေးအောင်မြင်ပြီးမှသာ ခန့်ထား မည်ဖြစ်ပါသည်။)

(င)       အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ထုတ်ပစ်ခြင်း ခံထားရသူများ မဖြစ်ရ။

(စ)     နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၂။       သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ သတ်မှတ်လျှောက်လွှာပုံစံကို မြန်မာ့မီးရထား Website ဖြစ်သော www.railways.gov.mm ၏ homepage တွင် download ရယူ၍ လည်းကောင်း၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ ဒုတိယအထွေထွေမန်နေဂျာ( အချက်ပြနှင့်ဆက်သွယ်ရေး)  နေပြည်တော်ဘူတာကြီး၌လည်းကောင်း၊ ရန်ကုန်ဘူတာကြီး၊ စီနိုပထမထပ်ရှိ အင်ဂျင်နီယာမှူး(အချက်ပြနှင့် ဆက်သွယ်ရေး)တိုင်းအမှတ်(၇)ရန်ကုန်ရုံး၌လည်းကောင်း၊ မန္တလေးဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး (အချက်ပြနှင့်ဆက်သွယ်ရေး)တိုင်းအမှတ်(၃)မန္တလေးရုံး၌လည်းကောင်း အခမဲ့ရယူနိုင်ပါသည်။

၃။       လျှောက်ထားသူများသည် သတ်မှတ်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

(က)    နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

(ခ)     လွန်ခဲ့သော(၁)လအတွင်းရိုက်ကူးထားသော လိုင်စင် ဓါတ်ပုံ (၃) ပုံ

(ကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးရန်)

(ဂ)     ပညာအရည်အချင်းအတွက် ဘွဲ့၊ ဒီပလိုမာအောင်လက်မှတ်(မိတ္တူ)

(ဃ)    နိုင်ငံ့ဝန်ထမ်း( အမြဲတမ်း )မဟုတ်သူများအတွက် သက်တမ်းရှိအလုပ်သမားမှတ်ပုံတင် ကတ်ပြား(မိတ္တူ)

(င)     ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်(မူရင်း)

၄။       လျှောက်လွှာများကို မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန၊ အချက်ပြနှင့်ဆက်သွယ်ရေး ဌာနခွဲ၊ ဒုတိယအထွေထွေမန်နေဂျာ(အချက်ပြနှင့်ဆက်သွယ်ရေး)ရုံး၊‌ နေပြည်တော်ဘူတာကြီးထံသို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ(သို့မဟုတ်)စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ( ၂၂ – ၁၀ – ၂၀၂၅ )ရက်အရောက် ပေးပို့လျှောက်ထားရမည်။ ရန်ကုန်ဘူတာကြီး၊ စီနိုပထမထပ်ရှိ အင်ဂျင်နီယာမှူး(အချက်ပြနှင့်ဆက် သွယ်ရေး)တိုင်းအမှတ်(၇)ရန်ကုန်ရုံး၊ မန္တလေးဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး (အချက်ပြနှင့် ဆက်သွယ်ရေး)တိုင်းအမှတ်(၃)မန္တလေးရုံးတို့တွင်လည်း( ၂၂-၁၀-၂၀၂၅ ) နေ့အရောက် ကိုယ်တိုင်ပေးပို့ လျှောက်ထားနိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်း( အမြဲတမ်း )ဖြစ်လျှင် သက်ဆိုင်ရာအဖွဲ့အစည်း အကြီးအကဲမှ တစ်ဆင့် ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ကြိုတင်လျှောက်လွှာတစ်စောင်ကို ဓာတ်ပုံ(၃)ပုံနှင့်အတူ ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက်မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၅။       ရေးဖြေစာမေးပွဲကို မြန်မာ့မီးရထား ( ရုံးချုပ် )၊ နေပြည်တော်ဘူတာကြီးတွင် အောက်ပါအတိုင်း ကျင်းပပြုလုပ်ပါမည်-

နေ့ရက်                   ဘာသာ                           အချိန်

(က)    ၇ – ၁၁ – ၂၀၂၅         မြန်မာစာ             နံနက် (၉:၀၀)နာရီ မှ (၁၁:၀၀)နာရီ ထိ

(ခ)     ၇ – ၁၁ – ၂၀၂၅         အင်္ဂလိပ်စာ           နေ့လယ် (၁၂:၀၀)နာရီ မှ (၁၄:၀၀)နာရီ ထိ

(ဂ)     ၇ – ၁၁ – ၂၀၂၅          အထွေထွေဗဟုသုတ ညနေ (၁၅:၀၀)နာရီ မှ (၁၇:၀၀)နာရီ ထိ

၆။       စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ( ၅ – ၁၁ – ၂၀၂၅ )နေ့မှ (  ၆ – ၁၁ – ၂၀၂၅ )နေ့အထိ ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ်၊ အလုပ်သမားမှတ်ပုံတင် ကတ်(မူရင်း)တို့ကိုပြသ၍ သွားလာပို့ဆောင်ရေးဌာန၊ အချက်ပြနှင့်ဆက်သွယ်ရေးဌာနခွဲ၊ ဒုတိယအထွေထွေ မန်နေဂျာ(အချက်ပြနှင့်ဆက်သွယ်ရေး)ရုံး နေပြည်တော်ဘူတာကြီးတွင် ထုတ်ယူနိုင်ပါသည်။ ဝင်ခွင့် စာမေးပွဲကတ်ပြား ထုတ်ပေးချိန်တွင် စာမေးပွဲဖြေဆိုရမည့် နေရာကို ကြေငြာထားပေးပါမည်။

၇။      ရေးဖြေအောင်မြင်ပါက လူတွေ့စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပြီး လူတွေ့ဖြေဆိုရမည့်စာရင်းနှင့် နေ့ရက်များကို လျှောက်လွှာပေးပို့လျှောက်ထားခဲ့သည့် ရုံးများနှင့် Website တွင် ကြေငြာပေးထားမည် ဖြစ်ပါသည်။

၈။      ရွေးချယ်ခံရပါက ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မိတ္ထီလာတွင် သင်တန်းကာလ ( ၂၃ )ပတ် သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်စဉ်ကာလအတွင်း လစာ ကျပ်(၁၈၀၀၀၀ /-) ဖြင့် စတင်ခံစားရမည်ဖြစ်ပါသည်။

၉။       မြန်မာ့မီးရထားတွင် အနည်းဆုံး ( ၅ )နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိစာချုပ်တွင် လက်မှတ်ရေးထိုးရမည်။(ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည်။)

၁၀။    အသေးစိတ်သိရှိလိုပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား( ရုံးချုပ် )၊ ဒုတိယအထွေထွေမန်နေဂျာ(အချက်ပြနှင့်ဆက်သွယ်ရေး)ရုံး၊ နေပြည်တော်ဘူတာကြီးသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းအမှတ် – ၀၆၇-၈၀၇၇၀၆၉၊ ၀၆၇-၈၀၇၇၁၅၅ သို့ဖြစ်စေ ရုံးချိန်အတွင်း  ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

 

ဓါတ်ပုံ

မြန်မာ့မီးရထား

သွားလာပို့ဆောင်ရေးဌာန

အချက်ပြနှင့်ဆက်သွယ်ရေးဌာနခွဲ

နေပြည်တော်ဘူတာကြီး

အငယ်တန်းအင်ဂျင်နီယာ( ၄ )အလုပ်သင် ရာထူး လျှောက်လွှာ

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊                    လ၊        ရက်

                                                                                                                                       

 

၁။      အမည်                                        –         – – – – – – – – – – – – – – – – – – – – – – – –

၂။       အဘအမည်နှင့်အလုပ်အကိုင်        –         – – – – – – – – – – – – – – – – – – – – – – – –

၃။      နိုင်ငံသားစိစစ်ရေးကတ်အမှတ်      –         – – – – – – – – – – – – – – – – – – – – – – – –

၄။      မွေးသက္ကရာဇ်                              –         – – – – – – – – – – – – – – – – – – – – – – – –

၅။      လူမျိုး/ဘာသာ                             –         – – – – – – – – – – – – – – – – – – – – – – – –

၆။      ပညာအရည်အချင်း                      –         – – – – – – – – – – – – – – – – – – – – – – – –

၇။      အမြဲတမ်းနေရပ်လိပ်စာ                –         – – – – – – – – – – – – – – – – – – – – – – – –

၈။      ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်     –         – – – – – – – – – – – – – – – – – – – – – – – –

ဖုန်းနံပါတ်                                   –         – – – – – – – – – – – – – – – – – – – – – – – –

၉။      ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး     –         – – – – – – – – – – – – – – – – – – – – – – – –

ဌာန/စက်ရုံ

အထက်ပါအချက်အလက်များ မှန်ကန်ကြောင်းနှင့် အစိုးရဌာနတစ်ခုခု၏ ရာထူးမှထုတ်ပယ် ခြင်း/ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ခံရသူမဟုတ်ပါကြောင်း အောက်တွင် ကိုယ်တိုင်ဝန်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။

 

(လျှောက်ထားသူ)

 

လက်မှတ်    –

အမည်        –