၁။             ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်းဘေးရှိ မြန်မာ့မီးရထား ပိုင်မြေ အကျယ်အဝန်း (၈၀၀)စတုရန်းမီတာ/(၀.၁၉၇)ဧကနှင့် ယင်းမြေပေါ်ရှိ Modular(၂)ထပ် အဆောက်အဦ (၁)လုံး၊ ကြမ်းခင်းဧရိယာ(၃၂၄)စတုရန်းမီတာနှင့် Steel Structure(၁)ထပ် ဂိုဒေါင်အဆောက်အဦ(၁)လုံး၊ ကြမ်းခင်း ဧရိယာ (၁၀၀) စတုရန်းမီတာတို့အား ကုမ္ပဏီရုံးခန်း/ သင်တန်းကျောင်း/ Tea & Coffee Shop လုပ်ငန်းများမှ လုပ်ငန်း(၁)ခု (သို့မဟုတ်) လုပ်ငန်း(၂) ခု လုပ်ကိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ (၁-၄-၂၀၂4 မှ ၃၁-၃-၂၀၂9 ထိ) (၅)နှစ် သက်တမ်းငှားရမ်းလုပ်ကိုင်ခွင့်ဖြင့် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမဆောင်၌ (၂၈-၂-၂၀2၄)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ ပုံစံများကို (၁)စုံလျှင် (2၀,၀၀၀/-)ကျပ်နှုန်းဖြင့် မန်နေဂျာ(စီးပွားရေး/တိုင်း) တိုင်းအမှတ်(၇) ရန်ကုန်ရုံး တွင် (၁၃-၂-၂၀၂၄)ရက်နေ့ (၀၉:၀၀)အချိန်မှ(၂၇-၂-၂၀၂၄)ရက်နေ့ (၁၆:၃၀)အချိန်ထိ ရုံးချိန် အတွင်း (ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတီ