၁။       မြန်မာ့မီးရထားမှ ပြန်လည်အသုံးပြု၍မရတော့သည့် ရေစင်အဟောင်းအပျက်အား ဈေးပြိုင် လေလံစနစ်ဖြင့် လေလံတင်ရောင်းချမည် ဖြစ်ပါသည်။

စဉ် လေလံအမှတ် တည်နေရာ ပစ္စည်းအမျိုးအမည်
(က) ၀၂/မမ/လေလံ ၂၀၂၅-၂၀၂၆ တိုင်းအမှတ်(၇)၊ ရန်ကုန် ဘူတာကြီးနယ်မြေ၊ ပါဆယ်ရုံ (၂)အနီး မြေနေရာရှိ ရေစင်(50’ အမြင့်) + (Water Tank 28’ x 8’ x 12’ = 2Nos(37.76 Ton)

လေလံပိတ်မည့်နေ့/အချိန် (၅-၃-၂၀၂၆) (ကြာသပတေးနေ့) မွန်းတည့်(၁၂:၀၀)နာရီ

၂။   လေလံပုံစံများကို အောက်ဖော်ပြပါဌာနတွင် (၁၈-၂-၂၀၂၆)ရက်နေ့မှ (၃-၃-၂၀၂၆)ရက်နေ့ထိ (ရုံးပိတ်ရက်မပါ)ရုံးချိန်အတွင်းဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၎င်းဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် (၅၁)လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၂၉၁၉၉၁၊ ၀၁-၂၉၁၉၉၄