၁။        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတွင် လစ်လပ်လျှက်ရှိသော လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)အငယ်တန်းစာရေး (ဘွဲ့ရ)ရာထူး (၁၁)နေရာနှင့်လစာနှုန်းကျပ်(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)ရုံးအကူ (အခြေခံပညာအထက်တန်းအောင်) ရာထူး(၆)နေရာတို့အား ပြင်ပမှခေါ်ယူရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသဖြင့် လျှောက်လွှာများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး)၊ ဥတ္တရခရိုင်ရုံး(ပျဉ်းမနား)မှတစ်ဆင့် (၁၆.၂.၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားသွားရန်ဖြစ်ပါသည်။

၂။         အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများကို ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်-

(က)     အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူနှင့် ရုံးအကူရာထူး အတွက် အခြေခံပညာအထက်တန်း      အောင်မြင်သူဖြစ်ရမည်။

(ခ )      အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(ဂ )      ကျန်းမာရေးနှင့် အကျင့်စာရိတ္တကောင်းမွန်း၍ ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။

(ဃ)     လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်သူဖြစ်ရမည်။

(င)       တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းသဘာဝအရ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ တတ်ကျွမ်းသူဦးစားပေးခန့်ထားပါမည်။

(စ)       တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ် ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း တင်ပြ ရမည်။

(ဆ)     ဝန်ကြီးဌာနများတွင် ထုတ်ပယ်/ထုတ်ပစ်ခံခဲ့ရသူများကို လက်ခံမည်မဟုတ်ပါ။