ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)နေပြည်တော်တွင် နေ့စား ဝန်ထမ်း(၇)ဦးခန့်ထားမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံသူများသည် အလုပ်သမားမှတ်ပုံတင်ရုံး၊ ပျဉ်းမနားမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်-

(က) အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ
(ခ ) အသက်(၃၀)နှစ်ထက်မကျော်လွန်သူ
(ဂ ) အကျင့်စာရိတ္တကောင်းမွန်၍ ပြစ်မှုကင်းရှင်းသူ
(ဃ) ပညာရပ်ဆိုင်ရာနှင့် ကျွမ်းကျင်မှုဆိုင်ရာ စာရွက်စာတမ်းများပြည့်စုံမှန်ကန်သူ
(င) တာဝန်ထမ်းဆောင်မည့် လုပ်ငန်းသဘာဝအရ အင်္ဂလိပ်စာအသင့်အတင့် တတ်ကျွမ်းသူ၊ ကွန်ပျူတာအခြေခံတတ်ကျွမ်းသူများကို ဦးစားပေးခန့်ထားပါမည်။