၁။ အောက်ပါအတိုင်း ရက်ပြောင်းလဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ပါသည် –
နေ့ရက် ဘာသာ အချိန်
(က) ၁၈-၁၀-၂၀၂၅ မြန်မာစာ နံနက် ၀၉ : ၀၀ မှ ၁၁ : ၀၀ နာရီအထိ
( ခ ) ၁၈-၁၀-၂၀၂၅ အင်္ဂလိပ်စာ နေ့လည် ၁၂ : ၀၀ မှ ၁၄ : ၀၀ နာရီအထိ
( ဂ ) ၁၈-၁၀-၂၀၂၅ အထွေထွေဗဟုသုတ မွန်းလွဲ ၁၅ : ၀၀ မှ ၁၇ : ၀၀ နာရီအထိ
၂။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၁၆-၁၀-၂၀၂၅ ရက်နေ့မှ ၁၇-၁၀-၂၀၂၅ ရက်နေ့အထိ ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပေးသည့် အခြေခံပညာအထက်တန်းအောင်လက်မှတ်(မူရင်း) (သို့မဟုတ်) T.H.S အောက်လက်မှတ်(မူရင်း)၊ သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်(မူရင်း)တို့ကိုပြသ၍ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီးတွင် ထုတ်ယူနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကတ်ပြား ထုတ်ပေးချိန်တွင် စားမေးပွဲ ဖြေဆိုရမည့်နေရာကို ကြော်ငြာထားပေးပါမည်။