အောက်မြန်မာပြည်အုပ်ချုပ်ရေးဌာန

အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)၏တာဝန်နှင့်ဝတ္တရားများ

(၁) အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)သည် တိုင်းအမှတ် (၅၊ ၆၊ ၇၊ ၈၊ ၉)ကို လည်းကောင်း တာဝန်ယူ၍ ကွပ်ကဲမှုအောက်ရှိ တိုင်း၊ စက်ရုံများ၏ မူလတာဝန် ဝတ္တရားများ၊ ရုံးချုပ်မှ ဘဏ္ဍာရေးနှစ် အလိုက်ချမှတ်ပေးထားသော လျာထားချက် လုပ်ငန်းများနှင့် မူဝါဒပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များကို ပီပီပြင်ပြင်စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေးကြီးကြပ်ပေးခြင်း၊

(၂) မိမိကွပ်ကဲမှုအောက်ရှိတိုင်း၊ စက်ရုံများနှင့် ခရီးသည်၊ ကုန်စည်ပို့ဆောင်မှုလုပ်ငန်း လိုအပ်ချက်အပိုအလိုများကို အချိန်မီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊

(၃) မိမိကွက်ကဲမှုအောက်ရှိတိုင်းအသီးသီးတွင် ပေးအပ်ထားသော စက်ခေါင်းနှင့်တွဲများကို စွမ်းအားပြည့် အသုံးပြုလည်ပတ်နိုင်ရေးစိစစ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းပြုလုပ်ရန်၊

(၄) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းနှင့် စက်ရုံအလုပ်ရုံများ၏ သက်သာချောင်ချိရေး လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သံလမ်းနှင့်အဆောက်အဦးများ အပါအဝင် မွမ်းမံပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ စက်ရုံ၊ အလုပ်ရုံ၊ ဘူတာများ သန့်ရှင်း သပ်ယပ်သာယာလှပစိုပြေရေးလုပ်ငန်းများကို စစ်ဆေးကြပ်မတ်ခြင်း၊

(၅) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းအရာရှိများနှင့် စက်ရုံမှူးများကို လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လျှင် အစည်းအဝေးများခေါ်ယူကျင်းပခြင်း၊ တိုင်းတစ်တိုင်းအတွင်းမှ အရာရှိများ အား အခြားတိုင်းတစ်တိုင်း၏ လုပ်ငန်းများကို တိုင်းကျော်သွားရောက်၍ ကြည့်ရှု့ လေ့လာ ဆောင်ရွက်စေခြင်းများပြုလုပ်ပေးရန်၊

(၆) မြန်မာ့မီးရထားနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့အစည်းများ၊ တပ်မတော်အဖွဲ့အစည်းများအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက် သည့်လိုအပ်ချက်များ၊ လမ်းညွှန်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခြင်း၊

(၇) မိမိကွပ်ကဲမှုအောက်ရှိ နယ်မြေအတွင်း မတော်တဆမှုများ လျော့နည်းကျဆင်းရေး အတွက် တာဝန်ရှိသူများနှင့် အောက်ခြေအထိလိုအပ်သလိုထိတွေ့ ညှိနှိုင်းကြပ်မတ်ခြင်း၊

(၈) ရုံးချုပ်မှ ကူညီပံ့ပိုး ဆက်စပ်ဆောင်ရွက်ပေးရန် ကိစ္စများရှိပါက အချိန်နှင့်အညီ ဆက်သွယ်တင်ပြဆောင်ရွက်ခြင်း၊

(၉) လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရုံးချုပ်သို့ လူကိုယ်တိုင်လာရောက်တင်ပြ ရမည့်ကိစ္စဖြစ်ပါက ရုံးချုပ်သို့ ခွင့်တောင်းခံပြီးလာရောက်တင်ပြခြင်း၊

(၁၀) အောက်မြန်မာပြည်၊ မြန်မာ့မီးရထား ဗဟိုအိမ်ရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီ၊ ဥက္ကဌ တာဝန်ကို ဦးဆောင်ညွှန်ကြားရေးမှူးရုံး၏ (၂၀.၅.၂၀၀၁) နေ့စွဲပါ စာအမှတ်၊ ၁၉-၃၈ အီး(၂၀၀၁) ညွှန်ကြားအရ လုပ်ဆောင်ခြင်း၊

(၁၁) ရန်ကုန်မြို့ရှိ အရာရှိများ တစ်ဦးချင်းအိမ်နေရာချထားပေးရန်အတွက် ဗဟိုအိမ်ရာ ချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဦးဆောင်ညွှန်ကြားရေးမှူး၏ အတည်ပြုချက်ရယူပြီးနောက် နေထိုင်ခွင့်အမိန့်များ ထုတ်ပြန်ပေးခြင်း၊

(၁၂) အခါအားလျော်စွာ ဦးဆောင်ညွှန်ကြားရေးမှူးမှ သီးခြားတာဝန်ပေးအပ်သော လုပ်ငန်းလည်း ဆောင်ရွက်ခြင်း၊

(၁၃) မြန်မာ့မီးရထား၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခြင်း၊