အထက်မြန်မာပြည်အုပ်ချုပ်ရေးဌာန

အထွေထွေမန်နေဂျာ(အထက်မြန်မာပြည်)၏တာဝန်ဝတ္တရားများ

(၁) အထွေထွေမန်နေဂျာ(အထက်မြန်မာပြည်)သည် တိုင်းအမှတ်(၁၊ ၂၊ ၃၊ ၄၊ ၁၀၊ ၁၁)ကို တာဝန်ယူကွပ်ကဲစေလျှက် မိမိကွပ်ကဲမှုအောက်ရှိ တိုင်း၊ စက်ရုံများ၏ မူလ တာဝန်ဝတ္တရားများ၊ ရုံးချုပ်မှ ဘဏ္ဍာရေးနှစ်အလိုက် ချမှတ်ပေးထားသော လျာထားချက်လုပ်ငန်းများနှင့် မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ပီပြင်စနစ် ကျစွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ကြီးကြပ်ပေးခြင်း၊

(၂) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းနှင့် စက်ရုံများ၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ လိုအပ်ချက်များကို အချိန်နှင့်အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(၃) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းအသီးသီးတွင် ဖြန့်ခွဲထားသော စက်ခေါင်းနှင့် တွဲများကို စွမ်းအားပြည့်အသုံးပြုလည်ပတ်နိုင်​ရေးစိစစ်ခြင်း၊ ​ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုလုပ် ခြင်း၊

(၄) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းနှင့် စက်ရုံများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ တည်ဆောက်ရေးလုပ်ငန်းများ၊ သံလမ်းနှင့် အဆောက်အဦးများအပါအဝင် မွမ်းမံ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဘူတာများ အိမ်ထောင်သည် လိုင်းများ စနစ်တကျရှိရေး၊ သန့်ရှင်းသပ်ရပ်​သာယာလှပစိုပြေ​ရေး လုပ်ငန်းများကို စစ်ဆေးကြပ်မတ်ခြင်း၊

(၅) မိမိကွပ်ကဲမှုအောက်ရှိ တိုင်းအရာရှိများနှင့် စက်ရုံမှူးများကို လုပ်ငန်းလိုအပ်ချက်အရ အစည်းအဝေးများခေါ်ယူကျင်းပခြင်း၊ တိုင်းတစ်တိုင်းအတွင်းမှ အရာရှိများအား အခြားတိုင်း တစ်တိုင်း၏လုပ်ငန်းများကို တိုင်းကျော်သွား​ရောက်၍ ကြည့်ရှုလေ့လာ​​ဆောင်ရွက် အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်ပေးခြင်း၊​

(၆) မြန်မာ့မီးရထားနှင့် ပြည်နယ်တိုင်း​ဒေသကြီးအဆင့် အစိုးရအဖွဲ့အစည်းများ တပ်မတော်အဖွဲ့ အစည်းများအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လိုအပ်ချက်များ လမ်းညွှန်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း၊

(၇) မိမိကွပ်ကဲမှုအောက်ရှိ နယ်မြေအတွင်း မတော်တဆမှုများ လျော့နည်းကျဆင်းရေး အတွက် တာဝန်ရှိသူများနှင့် အောက်ခြေအဆင့်အထိ လိုအပ်သလို ထိတွေ့ညှိနှိုင်း ကြပ်မတ်ခြင်း၊

(၈) ရုံးချုပ်မှ ကူညီပံ့ပိုး ဆက်စပ်ဆောင်ရွက်ပေးရန် ကိစ္စရပ်များရှိပါက အချိန်နှင့်အညီ ဆက်သွယ်တင်ပြ ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် ညွှန်ကြားချက်အမိန့်များ တောင်းခံခြင်း၊

(၉) လုပ်ငန်းဆောင်ရွက်မှုများနှင့် စက်လျဉ်း၍ ရုံးချုပ်သို့ လူကိုယ်တိုင်လာရောက်တင်ပြ ရမည့်ကိစ္စဖြစ်ပါက ရုံးချုပ်သို့ ခွင့်တောင်းခံပြီး ဦးဆောင်ညွှန်ကြားရေးမှူးထံ တင်ပြခြင်း၊

(၁၀) အထွေထွေမန်နေဂျာ(အထက်မြန်မာပြည်)သည် ဦးဆောင်ညွှန်ကြားရေးမှူး၏အမိန့်နှင့် ညွှန်ကြားချက်များကို တိုက်ရိုက်တာဝန်ခံဆောင်ရွက်ခြင်း၊

(၁၁) မိမိနယ်မြေအတွင်းရှိ တိုင်းအသီးသီးရှိ ဝန်ထမ်းအဆင့်အတန်းအားလုံး၏ စည်းကမ်း ထိန်းသိမ်းရေး၊ စနစ်တကျရှိ​ရေးနှင့် စည်းလုံးညီညွတ်မှု ခိုင်မာရေးတို့အတွက် ဦးဆောင်ညွှန်ကြားရေးမှူးကိုယ်စား လိုအပ်သလို စီမံကြီးကြပ်သွားရန်၊

(၁၂) မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခြင်း၊