ဘဏ္ဍာရေးဌာန

အထွေထွေမန်နေဂျာ(ဘဏ္ဍာရေး)၏တာဝန်ဝတ္တရားများ

(၁) မြန်မာ့မီးရထား၏ ဝင်ငွေအသုံးစရိတ်ကို စစ်ဆေးခြင်းနှင့် ထိန်းသိမ်းပေးခြင်းကို ဘဏ္ဍာရေးဌာနခွဲ လက်အောက်ရှိ ဌာနစိတ်များမှ ဆောင်ရွက်မှုကို လမ်းညွှန်မှုချမှတ် ပေးခြင်း၊

(၂) အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းများ ရေးဆွဲပြုစုနိုင်ရန် ကြပ်မတ်ညွှန်ကြား ပေးခြင်း၊

(၃) ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအဖွဲ့တို့ မှတောင်းခံလာသော ကိစ္စရပ်များ အတွက် ဘဏ္ဍာရေးရှုထောင့်မှ အကြံပေးခြင်း၊

(၄) နိုင်ငံခြားချေးငွေဖြင့် ပြည်ပမှပစ္စည်းများ ဝယ်ယူမည့်ကိစ္စနှင့်ပတ်သက်၍ တင်ဒါရွေး ချယ်ရေး ကော်မတီတွင်အဖွဲ့ဝင်အဖြစ် ဘဏ္ဍာရေးရှုထောင့်မှ အကြံပေးနိုင်ရန်ပါဝင် ဆောင်ရွက်ရခြင်း၊

(၅) နိုင်ငံခြားချေးငွေမှ (F.E)ရရှိရေးအတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် စီမံကွပ်ကဲခြင်း၊

(၆) ငွေတိုက်၊လစာပေး၊ စာရင်းပြုစုရေးဌာနစိတ်၊ ဘတ်ဂျက်ဌာနစိတ်၊ သယ်ယူပို့ဆောင်ရေး စာရင်းစစ်ဌာနစိတ်အပြင်၊ ပြင်ပစစ်ဆေးရေးအဖွဲ့(၂)ဖွဲ့တို့ကို တိုက်ရိုက်ကြပ်မတ် အုပ်ချုပ်ခြင်း၊

(၇) မြန်မာ့မီးရထားတစ်ခုလုံး၏ ရသုံးခန့်မှန်းခြေစာရင်းကို စိစစ်၍ အကြံပြုချက်ဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးမှ တစ်ဆင့် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးနှစ်အလိုက် အတည်ပြုချက်ဖြင့်ခွင့်ပြု သော မြန်မာ့မီးရထားအတွက် ရသုံးမှန်းခြေအရ ဘဏ္ဍာရေးခွင့်ပြုငွေကို ဌာနခွဲအလိုက် ခွဲဝေသုံးစွဲနိုင်ရန် စာရင်းပြုစု၍ ဦးဆောင်ညွှန်ကြားရေးမှူးမှတစ်ဆင့် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြခြင်း၊

(၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ အတည်ပြုပြီးသည့်ဝင်ငွေ အသုံးစရိတ်အချိုး (Operating Ratio)ကို အခြေခံ၍ဌာနခွဲများမှ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွား ရန်ဝင်ငွေနှင့် အသုံးစရိတ်အချိုးကို ပြုပြင်ရေးဆွဲပြီး ၊ဦးဆောင်ညွှန်ကြားရေးမှူးမှ တစ်ဆင့် စီမံခန့်ခွဲရေးအဖွဲ့သို့ အတည်ပြုနိုင်ရန် တင်ပြပေးရခြင်း၊

(၉) စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရခြင်း၊

(၁၀) ဌာနခွဲအကြီးအကဲများ အစည်းအဝေးများ တက်ရောက်ရခြင်း၊

(၁၁) တိုင်းရုံးများ၊ ဘူတာရုံများကို အခါအားလျော်စွာ ရှောင်တခင်ဝင်ရောက် စစ်ဆေးရခြင်း၊

(၁၂) မြန်မာ့မီးရထားလက်အောက်ရှိ ဌာနခွဲများမှ တင်ပြလာသော ရာထူးတိုးမြှင့်ရေး ကိစ္စရပ် များကို စိစစ်၍ ထောက်ခံချက်ဖြင့် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြပေးရခြင်း၊

(၁၃) ဌာနခွဲအကြီးအကဲများမှ ဘဏ္ဍာရေးနှင့် ပက်သက်၍ဖြစ်စေ၊ ငွေစာရင်းနှင့် ပတ်သက်၍ ဖြစ်စေ ၊ဝန်ထမ်းရေးရာနှင့် ပတ်သက်၍ဖြစ်စေ၊ အကြံဉာဏ်တောင်းလာပါက အကြံပြု ပြန်ကြားပေးရခြင်း၊