29
Aug

ခရီးသွားပြည်သူများလုံခြုံစိတ်ချမ်းသာစွာ သွားလာနိုင်ရန် ဝိုင်းဝန်းကူညီပေးရေး

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့်အဝေးပြေးရထားများအား အဆင့်မြှင့်ပြင် ဆင်၍ ဝန်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မလိုလားအပ်သော နှောက်ယှက်ဖျက်ဆီးမှုများကြုံ တွေ့နေရပါသည်။

၂ဝ၁၄ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ ရန်ကုန် – တိုးကြောင်ကလေးရထားလမ်းပိုင်းရှိ မလွကုန်းနှင့် သင်္ခန်းကျွန်းဘူတာအကြား မိုင်တိုင်အမှတ်( ၂/၁၄-၁၅)ကြားတွင် န/၉ လော်ကယ်ရထားအား (၁၉းဝ၂)နာရီအချိန်တွင်လည်းကောင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ေမတ္တာညွန့်နှင့် မလွကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၂/ ၁၅ – ၁၄) ကြားတွင် ဂ/၆ မြို့ပတ် Air Con ရထားအား (၁၉း၁ဝ)နာရီအချိန်တွင်လည်းကောင်း၊ စ/၁၂ မြို့ပတ်ရထားအား (၁၉း၁၆)နာရီအချိန်တွင်လည်းကောင်း၊ ရထားများအား ခဲဖြင့်ပစ်ပေါက်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ခဲဖြင့်ပစ်ပေါက်ခဲ့သည့်တရားခံ များအားအချိန်မီဖမ်းဆီးနိုင်ခဲ့ပါသည်။

မြန်မာ့မီးရထား၏ မြို့ပတ်ရထားများ၊ အဝေးပြေးရထားများ ဝန်ဆောင်မှုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက် နိုင်ရေး ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ စီးနင်းသွားလာနိုင်ရေးအတွက် ပြည်သူလူထုက ပါဝင်ကူညီဆောင်ရွက်မှသာ ပိုမိုတိုးတက်ကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေပြေ ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ေမတ္တာရပ်ခံအပ်ပါသည်