29
Aug

ကုန်ရထားလမ်းချော်ကျခြင်း

နေပြည်တော် နိုဝင်ဘာ ၁၃ ရက်

ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသော ရန်ကုန်သာစည်အမှတ်(၉၉၃)အဆန်ကုန်ရထားသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ဝ၆:၁၂နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊ငှက်သိုက်ဘူတာ မှထွက်ခွာစဉ်လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပါသည်။

ျဖြစ်စဉ်တွင်စက်ခေါင်းအမှတ်DF-2016 သည်အဆန်လမ်း၏အနောက်ဘက်သို့လဲသွားခဲ့ပြီးတွဲဆိုင်းပါကုန်တွဲများအနက်မှ ကုန်တွဲ(၅)တွဲလမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် အစုန်လမ်း၊ အဆန်လမ်းကို ခေတ္တပိတ်ထားခဲ့ပါသည်။

ဖြစ်ပွားရာသို့ မြန်မာ့မီးရထား ဦးဆောင်ညှွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊တိုင်းအမှတ်(၅) မှတိုင်းအရာရှိများ ချက်ချင်းရောက်ရှိလာကြပြီး သာစည်ကရိန်း၊ ပျဉ်းမနားကရိန်း ၂ စီးနှင့် လမ်းပိုင်း အမြန် ဖွင့်လှစ်နိုင်ရေးကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

ဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ ရာသီဥတုအပူရှိန် ပြောင်းလဲမှုကြောင့် သံလမ်းတွန့်ခြင်းနှင့် သံလမ်းကူးနေရာ အားနည်းမှုရှိနိုင်ခြင်းကြောင့် ဖြစ်ပွားရသည်ဟုသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။