28
Jan

(၉.၂.၂၀၁၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား

(၉.၂.၂၀၁၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန

မြန်မာ့မီးရထား

မြန်မာ့မီးရထား၊ ရထားလမ်းပိုင်းများရှိ မြေသားတာဘောင်မတည်ငြိမ်သောနေရာများ၌ ပြုပြင်ခြင်း
(Soil Improvement)နှင့် သတ်မှတ်ပုံစံအတိုင်းရရှိစေရန် မြေကောင်းဖို့ခြင်း (Earth Filling) လုပ်ငန်းတို့အတွက် လုပ်ငန်းဆောင်ရွက်လိုသူများထံမှ အဆိုပြုလွှာများဖိတ်ခေါ်ခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ အောက်ဖော်ပြပါလမ်းပိုင်းများတွင် မြေသားတာ ဘောင်မတည်ငြိမ်သောနေရာများ ပြုပြင်ခြင်း (Soil Improvement)နှင့် သတ်မှတ်ပုံစံအတိုင်း ရရှိစေရန် မြေကောင်း ဖို့ခြင်း (Earth Filling)လုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည် –
[table “17” not found /]
၂။ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လိုသူလုပ်ငန်းရှင်များသည် လမ်းပိုင်းတစ်ခုချင်းအလိုက် မိမိ ဆောင်ရွက်လိုသည့် နည်းစနစ် (Method)၊ လုပ်ငန်းဆောင်ရွက်မည့် ခန့်မှန်းကြာမည့်ချိန်နှင့် ကုန်ကျမည့် ခန့်မှန်းတန်ဖိုးတို့ကို တွက်ချက်၍ စိတ်ပါဝင်စားမှုဖော်ပြချက်အဆိုပြုလွှာ (Expression of Interest) (EOI) ပေးပို့တင်ပြနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၃။ အဆိုပြုလွှာ (EOI) ပုံစံကို ဒုတိယအထွေထွေမန်နေဂျာ(ထောက်ပံ့) မြန်မာ့မီးရထား(ထောက်ပံ့ဌာန)၊ ကုန်သည်လမ်းနှင့် (၅၁)လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဝယ်ယူနိုင်ပြီး ဆောင်ရွက်လို သူများသည် (EOI)မူရင်း၊ မိတ္တူ (၁)စုံနှင့် CD Copy(၁)စုံ အထက်ပါလိပ်စာသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ ၁၄:၃၀ နာရီ နောက်ဆုံးထား၍ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ (E-mail ဖြင့် ပေးပို့ တင်ပြ ခြင်းကို လုံးဝလက်ခံစဉ်းစားမည် မဟုတ်ပါ)။
၄။ အဆိုပါ မြေသားတာဘောင်မတည်ငြိမ်သောနေရာများ၌ ပြုပြင်ခြင်း (Soil Improvement)နှင့် သတ်မှတ်ပုံစံ အတိုင်းရရှိစေရန် မြေကောင်းဖို့ခြင်း (Earth Filling) လုပ်ငန်းတို့နှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို မြန်မာ့မီးရထား (ထောက်ပံ့ဌာန)၊ ဖုန်းနံပါတ် ၀၁-၂၉၁၉၈၅ ၊ ၀၁-၂၉၁၉၉၄ နှင့် နေပြည်တော် ၀၆၇-၇၇၀၂၆ ထံသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ဦးဆောင်ညွှန်ကြားရေးမှူးမြန်မာ့မီးရထား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန