၁။             မြန်မာ့မီးရထားပိုင်လုပ်ငန်းသုံး ကုန်တင်ယာဉ်(၂၀၄)စီးအား Lot(၁၃)ခုသတ်မှတ်၍ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်ဆက်စပ်သည့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း အဓိက လုပ်ကိုင်ရန်အတွက် (၁-၉-၂၀၂၄ မှ ၃၁-၈-၂၀၂၇ ထိ) (၃)နှစ်သက်တမ်းဖြင့် ပြည်တွင်း ပုဂ္ဂလိက/ကုမ္ပဏီအဖွဲ့အစည်းများသို့ ဈေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခြင်း အား (၂၉-၇-၂၀၂၄) ရက်နေ့၊ ၁၀:၃၀ မှ ၁၆:၃၀ နာရီတွင် မြန်မာ့မီးရထား၊  စီးပွားရေးဌာန၊ စီးပွားရေးဌာနခွဲရုံး(ရွာတော်)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။             တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူ ပုဂ္ဂလိက/ကုမ္ပဏီအဖွဲ့အစည်းများသို့ အများဆုံး Lot (3)ခု အထိသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး Lot (၁)ခုချင်းအလိုက် တင်ဒါ စည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံများကို (၁)စုံလျှင် ငွေကျပ် ၅၀,၀၀၀/- နှုန်းဖြင့်   ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့်(၅၁)လမ်းထိပ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် (၃-၇-၂၀၂၄ မှ ၁၆-၇-၂၀၂၄ ထိ)  ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား၊  စီးပွားရေးဌာန၊ စီးပွားရေးဌာနခွဲရုံး(ရွာတော်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇- ၄၅၁၀၀၃၃) သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးဆပ်ကော်မတီ